အိန္ဒိယတပ်မတော်က နီပေါစစ်တပ်သို့ Covishield ဆေးအလုံးရေ တစ်သိန်း ထောက်ပံ့ပေးအပ်

အိန္ဒိယတပ်မတော်က နီပေါစစ်တပ်သို့ Covishield ဆေးအလုံးရေ တစ်သိန်း ထောက်ပံ့ပေးအပ်

ဧပြီ  ၃
 
အိန္ဒိယတပ်မတော်က Covishield ဆေး အလုံးရေတစ်သိန်းအား နီပေါစစ်တပ်သို့ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆေးများသည် တနင်္ဂနွေနေ့ ညနေခင်းတွင် ခေတ္တမန္ဒူသို့ရောက်ရှိခဲ့သည်။

Oxford-AstraZeneca မှ နည်းပညာဖြင့်၊ အိန္ဒိယနိုင်ငံ Serum Institute မှပြည်တွင်းထုတ် Covishield ကာကွယ်ဆေး100,000 သည် နီပေါအစိုးရတွင် ဆေးပြတ်လတ်သွားမှုကြောင့် ကာကွယ်ဆေးထိုးမှု ရပ်ဆိုင်းထားရစဉ် နီပေါသို့ရောက်ရှိလာခြင်းဖြစ်သည်။
.
အိန္ဒိယတပ်မတော်က နီပေါစစ်တပ်ကို လက်ဆောင်ပေးအပ်သည့် အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်သော Covid-19 ကာကွယ်ဆေး တစ်သိန်းသည် ယနေ့ Tribhuvan လေဆိပ်သို့ ရောက်ရှိပြီဖြစ်ကြောင်း အိန္ဒိယသံရုံးက တနင်္ဂနွေနေ့ညနေပိုင်းက တွစ်တာတွင် ရေးသားခဲ့သည်။

တနင်္ဂနွေနေ့တွင် နီပေါစစ်တပ်က လက်ခံရရှိခြင်းသော ကာကွယ်ဆေးများသည် သာမန်ပြည်သူများအတွက်မဟုတ်ဘဲ နီပေါတပ်မတော်အတွက်သာ ရည်ရွယ်ပေးအပ်ခြင်းဖြစ်သည်ဟု ဆိုကြသည်။

တနင်္ဂနွေနေ့ကလက်ခံရရှိခဲ့သော ကာကွယ်ဆေးများသည် အိန္ဒိယတပ်မတော်မှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း နီပေါစစ်တပ်၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးချုပ်ဆန်တိုဘာလာပိုဒီယာယယ်က ပြောကြားခဲ့သည်။
 “လက်ခံရရှိခဲ့တဲ့ ကာကွယ်ဆေးတစ်သိန်းက အိန္ဒိယတပ်မတော်ရဲ့ စိတ်စေတနာကောင်းတွေကို ဖော်ပြနေတာပါ” ဟု ဗိုလ်မှုးချုပ်ဆန်တိုဘာလာပိုဒီယာယယ်က ပြောကြားခဲ့သည်။ “ဒီဆေးတွေက နီပေါတပ်မတော်သားတွေနဲ့ သူတို့ကို မှီခိုနေသူတွေကို ထိုးပေးသွားမှာဖြစ်ပါတယ်”

အိန္ဒိယတပ်မတော်က စိတ်စေတနာကောင်းဖြင့်ပေးအပ်လိုက်သော ကာကွယ်ဆေးများသည် အိန္ဒိယတွင် ကူးစက်မှုများမြင့်တက်လာမှုကြောင့် ပြည်တွင်းကာကွယ်ဆေးလိုအပ်ချက်အားဖြည့်ဆည်းရန်အတွက် ပြည်ပသို့ တင်ပို့မှုရပ်တန့်ထားသည့်အချိန်တွင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယက ဆေးအလုံးရေ တစ်သန်း ထောက်ပံ့ပေးအပ်ပြီးနောက် ဇန်နဝါရီ ၂၇ရက်တွင် စတင်ခဲ့သည့်နီပေါ၏ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို အဆိုပါအပြုအမှုက အကျိုးသက်ရောက်စေမည်ဖြစ်သည်။ နီပေါကဖေဖော်ဝါရီလတွင် ကာကွယ်ဆေး ၂ သန်း ဝယ်ယူရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းတို့အနက်မှ ဆေးတစ်သန်းသာ လက်ခံရရှိထားသည်။ ကျန်ရှိနေသေးသောဆေးတစ်သန်းကို Serum Institute က နီပေါအားမည်သည့်အချိန်တွင် ပေးအပ်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required