အာဖဂန်နစ္စတန်ရှိ ကြားခံစစ်ပွဲထောက်ခံသူ ပါကစ္စတန်နိုင်ငံသားများအား ပြင်းထန်သော အရေးယူဒဏ်ခတ်မှုပြုလုပ်သင့်ကြောင်း ကနေဒါသံအမတ်ဟောင်း ပြောကြား

By alarabiyapost
03 April 2021
အာဖဂန်နစ္စတန်ရှိ ကြားခံစစ်ပွဲထောက်ခံသူ ပါကစ္စတန်နိုင်ငံသားများအား ပြင်းထန်သော အရေးယူဒဏ်ခတ်မှုပြုလုပ်သင့်ကြောင်း ကနေဒါသံအမတ်ဟောင်း ပြောကြား

ဧပြီ  ၃

အာဖဂန်နစ္စတန်ရှိ ကြားခံစစ်ပွဲကို ထောက်ခံနေသော ပါကစ္စတန်နိုင်ငံသားများအား ပြင်းထန်သော အရေးယူဒဏ်ခတ်မှုများ ပြုလုပ်သင့်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ဟောင်း ခရစ် အလက်ဇန်းဒါးက စနေနေ့တွင် ပြောကြားခဲ့သည်။

'အာဖဂန်နစ္စတန်တွင် ပါကစ္စတန်၏ ကြားခံစစ်ပွဲအဆုံးသတ်ရေး' ခေါင်းစဉ်ဖြင့် ရေးသားခဲ့သော ဆောင်းပါးတွင်“အာဖဂန်နစ္စတန်ရှိ ကြားခံစစ်ပွဲကို ထောက်ခံနေဆဲဖြစ်သူ ပါကစ္စတန်နိုင်ငံသားများသည် ပြင်းထန်သော အရေးယူဒဏ်ခတ်မှုများ ခံရသင့်ကြောင်း၊ ဘဏ္ဍာရေးအရအရေးယူဆောင်ရွက်မှုပြုသည့် အထူးလုပ်ငန်းတပ်ဖွဲ့ (FATF)၏ နာမည်ပျက်စာရင်းတွင် ပါကစ္စတန်အား ထည့်သွင်းသင့်ကြောင်း အလက်ဇန်းဒါးက ဆိုခဲ့သည်။

“ငြိမ်းချမ်းရေးအတွက် နောက်ဆုံးအတားအဆီးကို လျစ်လျူရှုသူ၊ကြားခံစစ်ပွဲကို ထောက်ခံနေဆဲဖြစ်သူများက အာဖဂန်နစ္စတန်အား “ အဆုံးမဲ့စစ်ပွဲ” အဖြစ် ပုံဖော်နိုင်ကြကြောင်း၊ ဗီယက်နမ်ကဲ့သို့ အသက်အိုးအိမ်များနှင့် ငွေများ ဘီလီယံနှင့်ချီ ဆုံးရှုံးသောနေရာဖြစ်နေကြောင်း ဆိုခဲ့သည်။ အာဖဂန်နစ္စတန်တွင် ISI က ကျူးကျော်ခဲ့သည့်ဆယ်စုနှစ်များသည်သာ တစ်ခုတည်းသော "ထာဝရစစ်ပွဲ"  ဖြစ်ခဲ့သည် "ဟု သူက ဆက်ပြောသည်။

အနှစ် ၂၀ကြာကြိုးပမ်းအားထုတ်မှုအပြီးတွင် အပစ်အခတ်ရပ်စဲရေးနှင့် အာဖဂန်နစ္စတန် တွင်ငြိမ်းချမ်းရေးတည်မြဲရေးအတွက် လမ်းကြောင်းသည် ပါကစ္စတန်၏ ကြားခံစစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် အမေရိကန်နှင့်ယင်း၏ မဟာမိတ်များ၏ စုပေါင်းလုပ်ဆောင်ချက်များ လိုအပ်သည်ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

မကြာသေးမီက ထုတ်ဝေခဲ့သည့် အခြားစာတမ်းတွင်လည်း အလက်ဇန်းဒါးက  " ကုလသမဂ္ဂတွင် ပါကစ္စတန်အဖွဲ့ဝင်ဖြစ်ရေးကို အာဖကန်နစ္စတန်က ဆန့်ကျင်မဲပေးခဲ့သည့် ၁၉၄၇ခုနှစ်ကတည်းက အာဖဂန်နစ္စတန်နှင့် ကက်ရှ်မီးယားဒေသအတွက် ပါကစ္စတန်၏ တသမတ်တည်းကျင့်သုံးသော အမျိုးသားရေးမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် တာလီဘန်များကို ပါကစ္စတန်စစ်တပ်က ထောက်ပံ့ပေးနေခဲ့သည်ဟု ဆိုသည်။ "

တာလီဘန်ထိပ်ပိုင်းခေါင်းဆောင်များက သူတို့၏နောက်လိုက်များနှင့် တာလီဘန်တိုက်ခိုက်ရေးသမားများကို ပါကစ္စတန်တွင် တွေ့ဆုံခဲ့သည့် ဗွီဒီယိုများ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ထွက်ပေါ်လာခဲ့သည်။

ယခုလအစောပိုင်းတွင် အလက်ဇန်းဒါးက ပါကစ္စတန်စစ်တပ်၊ အထူးသဖြင့်နိုင်ငံ၏အင်အားကြီးမားသည့် စစ်ရေးထောက်လှမ်းရေး၊ အပြန်အလှန်ထောက်လှမ်းရေးတပ်(အိုင်အက်စ်အိုင်) သည် တာလီဘန်များကို လက်နက်တပ်ဆင်ပေးခဲ့ပြီး အာဖဂန်အစိုးရအား ထိုးစစ်ဆင် တိုက်ပွဲဆင်နွှဲရန်စေလွှတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နှင့် တာလီဘန်တို့အကြား ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုကို စက်တင်ဘာလအတွင်းက ကာတာနိုင်ငံ၏ မြို့တော်ဒိုဟာတွင် စတင်ပြုလုပ်ခဲ့သည်။ ဒီဇင်ဘာလအစောပိုင်းတွင် ကဘူးလ်နှင့် တာလီဘန်တို့က ထိုဆွေးနွေးပွဲ၏ အခြေခံအချက်များကို သဘောတူကြောင်းကြေညာခဲ့ပြီး အလေးနက်ထားရမည့် ပြဿနာများအတွက် ဆွေးနွေးမှုများပြုလုပ်ရန် လျာထားခဲ့သည်။ သို့သော် ထိုအချိန်မှစ၍ တိုးတက်မှု အနည်းငယ်သာရှိခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်ရန်ပုံငွေစောင့်ကြည့်ရေးအဖွဲ့(FATF ) က ပါကစ္စတန်သည် ၂၇ ချက်ပါ စီမံချက်ကို အပြည့်အဝအကောင်အထည်ဖော်ရန်အတွက် မဟာဗျူဟာအရ အရေးပါသောလိုအပ်ချက်များကို ဖြည့်ဆည်းရန်ပျက်ကွက်ခဲ့သည်ဟု ကောက်ချက်ချပြီးနောက် ဖေဖော်ဝါရီလတွင် ပါကစ္စတန်အား“ မီးခိုးရောင်စာရင်း” တွင် ထားခြင်းအား ဇွန်လအထိ ဆက်လက်ထားရှိခဲ့သည်။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required