၂၀၀၈ ခြေ/ဥ CRPH ဖျက်သိမ်း

02 April 2021
၂၀၀၈ ခြေ/ဥ CRPH ဖျက်သိမ်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ် ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ကြေညာလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလ ပထမပတ် အတွင်း အမျိုးသားညီညွတ်ရေး အစိုးရကို ဖွဲ့စည်းပြီး ဖယ်ဒရယ် ဒီမိုကရေစီအင်အားစုတွေနဲ့ အတူ နိုင်ငံရေး လမ်းပြမြေပုံတွေကို အကောင်အထည်ဖေါ်သွားမယ့်အကြောင်း ဗုဒဟူးနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီလို CRPH ရဲ့ ကြေညာချက်တွေထွက်ပေါ်လာပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုံစံ စာရွက်တွေကို တချို့မြို့နယ်တွေမှာ မီးရှို့ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာအစိုးရဘက်ကတော့ CRPH ကို မတရားအသင်းအဖြစ် ထုတ်ပြန်ကြေညာထားပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင်တွေကိုလည်း ဖမ်းဆီးဖို့ ဝရမ်းထုတ်ထားတာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly