အာဖဂန်စစ်တပ်တွေနဲ့ တာလီဘန်တွေကြားက မုဆိုးမစက်ချုပ်သမားတွေရဲ့ဘ၀

02 April 2021
အာဖဂန်စစ်တပ်တွေနဲ့ တာလီဘန်တွေကြားက မုဆိုးမစက်ချုပ်သမားတွေရဲ့ဘ၀

အာဖဂန်နစ္စတန်နိုင်ငံ ပြည်တွင်းစစ်မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ စစ်ဖက်တပ်ဖွဲ့ဝင်တွေရဲ့ ကျန်ရစ်သူဇနီးသည်တွေကို စစ်တပ်က အလုပ်အကိုင်ဖန်တီးပေးထားပါတယ်။ ဒါကတော့ စစ်ဝတ်စုံတွေကို ဖာထေးချုပ်လုပ်ပေးရတဲ့အလုပ်ပါ။ Kabul မြို့မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ အထည်ချုပ်စက်ရုံမှာ စစ်ဖက်တပ်ဖွဲ့ဝင်တွေနဲ့ အကျဉ်းသားတွေရဲ့ ဝတ်စုံတွေကို အမျိုးသမီးပေါင်း ၁၂၀ လောက်က ချုပ်လုပ်ပေးကြရတာပါ။ AFP သတင်းကိုအခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly