ပါကစ္စတန်တွင် ဆန္ဒပြသူများသည် ဆယ်ကျော်သက်ကောင်လေး ၄ ယောက်၏ အလောင်းများကို သယ်ဆောင်၍ အစ္စလာမ္မာဘတ်သို့ ချီတက်

ပါကစ္စတန်တွင် ဆန္ဒပြသူများသည် ဆယ်ကျော်သက်ကောင်လေး ၄ ယောက်၏ အလောင်းများကို သယ်ဆောင်၍ အစ္စလာမ္မာဘတ်သို့ ချီတက်

ဧပြီ ၂

ဘန်နုခရိုင်၊ Khyber Pakhtunkhwa ဒေသရှိ Janikhel ရဲစခန်းအပြင်ဘက်တွင် တစ်ပတ်ကြာသပိတ်တပ်စွဲ၊ဆန္ဒပြပြီးနောက် ဒေသခံလူမျိုးစုများနှင့် ပြီးခဲ့သည့် သီတင်းပတ်က ကျည်ဆံဗလပွနှင့်ရုပ်အလောင်းတွေ့ရှိခဲ့သောဆယ်ကျော်သက်ကောင်လေး ၄ ယောက်၏ ဆွေမျိုးများက အစ္စလာမ်မာဘတ်သို့ စတင်ချီတက်ဆန္ဒပြခဲ့ကြသည်။

လွန်ခဲ့သည့် ခြောက်ရက်က လယ်ကွင်းတစ်ခုအတွင်း အလောင်းများကိုတွေ့ရှိခဲ့ပြီး၊ လူမျိုးစုများနှင့် ဆွေမျိုးများက အသက် ၁၃ နှစ်မှ ၁၇ နှစ်အကြားရှိ ကောင်လေး ၄ ဦးအား ရက်ရက်စက်စက်သတ်ဖြတ်မှုကို ဆန့်ကျင်သည့်အနေဖြင့် ဆန္ဒပြပွဲများပြုခဲ့သည်။ ကောင်လေးများသည် လွန်ခဲ့သောသုံးပတ်က ပျောက်ဆုံးသွားခဲ့သည်။

သေဆုံးသွားသူများမှာ Ahmadullah၊ Mohammad Rahim၊ Razamullah နှင့် Atifullah တို့ဖြစ်သည်။

တနင်္ဂနွေနေ့မနက် ၁၀ နာရီခန့်တွင် တောင်ပိုင်း Waziristan နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဘန်နုခရိုင်၏ Janikhel ဒေသမှ လူတစ်သောင်း ခန့်သည် အသတ်ခံလိုက်ရသော အလောင်းများနှင့် အတူ အစ္စလာမ်ဘတ်ဘတ်သို့ ခရီးရှည်ချီတက်ကြပြီး အစိုးရဆန့်ကျင်ရေးအင်အားစုများအား အရေးယူရန် တောင်းဆိုခဲ့သည်။

ဘန်နုခရိုင်တွင် ရဲများက မျက်ရည်ယိုဗုံးများ ဖောက်ခွဲမှုကြောင့် မီးခိုးလုံးများကိုတွေ့မြင်ခဲ့ရသည်။

ရှေ့ဆက်ချီတက်ဆန္ဒပြခွင့်မပြုမီ ရဲများက ဘန်နုရှိ အဓိကလမ်းမကြီးကို ပိတ်ဆို့ပြီး ချီတက်ဆန္ဒပြသူများကို နာရီပေါင်းများစွာ ရှေ့ဆက်မသွားအောင်ပြုလုပ်ခဲ့သည်။

ဆန္ဒပြသူများက ဘန်နုမြို့သို့ ဝင်ရောက်ရန် အတားအဆီးများကိုဖြတ်ကျော်ရန်ကြိုးစားသည့်အခါ ရဲများကမျက်ရည်ယိုဗုံးများဖြင့်ပစ်ခတ်ခြင်းနှင့် ဝေဟင်သို့ပစ်ခတ်ခြင်းများပြုလုပ်သောကြောင့် အခြေအနေမှာတင်းမာခဲ့သည်။ လက်တုန့်ပြန်သည့်အနေဖြင့် ဆန္ဒပြသူများက ရဲများကို ကျောက်ခဲများဖြင့်ပစ်ပေါက်ကာ အတားအဆီးများကိုဖယ်ရှားခဲ့ကြသည်။

ဗီဒီယိုတစ်ခုတွင် ဆန္ဒပြသူများက“ ငါတို့ဘာလိုချင်သလဲ၊ ငြိမ်းချမ်းရေး” “တရားမျှတမှုကို လိုလားတယ်”၊ “ “မတရားမှုတွေကို လစ်လျူရှုတဲ့ ပြည်နယ်” ဟူသော ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။

"အစပိုင်းမှာ ချီတက်ဆန္ဒပြပွဲက ချောချောမွေ့မွေ့နဲ့ ငြိမ်းငြိမ်းချမ်းချမ်းပါပဲ" ဟု ချီတက်ပွဲတွင်ပါဝင်ခဲ့သောJanikhel တွင် နေထိုင်သူ Lateef Wazir က Dawn.com သို့ ပြောကြားခဲ့သည်။ Toche Pull သို့ ရောက်သောအခါ ၎င်းတို့သည် အတားအဆီးများ၊ အုပ်ချုပ်ရေးဝန်ထမ်းများနှင့်ရဲများ၏ တားဆီးမှုများကိုခံခဲ့ကြရသည်။
ရဲများကဆန္ဒပြသူများကို အတင်းအကျပ်ရပ်တန့်စေပြီး ချီတက်ဆန္ဒပြသူများကို လူစုခွဲရန် မျက်ရည်ယိုဗုံးများကိုအသုံးပြုခဲ့ကြောင်းနှင့် ရဲအင်အားအများအပြားကို တပ်ချထားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly