အင်ဒိုနီးရှားတွင် တက်ကြွလှုပ်ရှားသူများ စုဝေးပြီး ဝီဂါမွတ်ဆလင်များအပေါ် တရုတ်၏ ဖိနှိပ်မှုကို ဆန့်ကျင်ဆန္ဒပြ

By Jakarta Globe
02 April 2021
အင်ဒိုနီးရှားတွင် တက်ကြွလှုပ်ရှားသူများ စုဝေးပြီး ဝီဂါမွတ်ဆလင်များအပေါ် တရုတ်၏ ဖိနှိပ်မှုကို ဆန့်ကျင်ဆန္ဒပြ

ဧပြီ ၂

 

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ၏တောင်ပိုင်း Jalan Mega Kuningan အရပ်‌တွင်ရှိသည့် တရုတ်သံရုံးရှေ့၌   မတ်လ ၂၂ ရက်နေ့က မွတ်ဆလင် ဆန္ဒပြသူများ စုဝေးပြီး ဝီဂါမွတ်ဆလင်များအပေါ် တရုတ်၏ ဖိနှိပ်ချုပ်ချယ်မှုကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

ဆန္ဒပြသူများသည် ဒေသစံတော်ချိန် မနက် ၁၁ နာရီခွဲတွင် အများပြည်သူသုံး ပို့ဆောင်ရေးကားနှစ်စီးဖြင့် သံရုံးရှေ့သို့ ရောက်လာခဲ့ကြသည်။ ထို့နောက် တရုတ်နိုင်ငံ၏ အနောက်ဘက်စွန်း ရှင်းကျန်းဒေသရှိ မွတ်ဆလင် အများစုရှိရာ မျိုးနွယ်စုအကြား ဘာသာရေးလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရဘက်က စိုးရိမ်ပူပန်ကြောင်းထုတ်ဖော်ရန် ၎င်းတို့က တောင်းဆိုခဲ့ကြသည်။

 

ထို့ပြင် ဝီဂါမွတ်ဆလင်များအပေါ် တရုတ်အစိုးရဘက်မှ ပုံစံနည်းလမ်းစုံဖြင့် လူ့အခွင့်အရေး ချိုးဖောက်နေခြင်းများကို ချက်ချင်း ရပ်တန့်ရေးအတွက် တောင်းဆိုပြောကြားသည့် ပြဇာတ်ဆန်ဆန် တင်ဆက်ပြသမှုတစ်ခုကိုလည်း ဆန္ဒပြသူများက လုပ်ဆောင်ခဲ့ကြသည်။

 

အလားတူ ပေကျင်း၌ ကျင်းပမည့် ၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ အပါအ၀င် တရုတ် ထုတ်ကုန်များကို အင်ဒိုနီးရှားအစိုးရဘက်မှ ဆန့်ကျင်သပိတ်မှောက်ရေးအတွက် ဆန္ဒပြသူများက လူစုမခွဲမီ တိုက်တွန်းတောင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly