ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကောင်းမွန်တယ်လို့ ရှေ့နေဖြစ်သူ ပြော

01 April 2021
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကောင်းမွန်တယ်လို့ ရှေ့နေဖြစ်သူ ပြော

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာရယူပြီးချိန်ကတည်းက ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့တုန်းက အကျိုးဆာင်ရှေ့နေ ဒေါ်မင်းမင်းစိုးနဲ့ ဗွီဒီယိုကတဆင့် ဆက်သွယ်စကားပြောခွင့်ရခဲ့ပြီး ကျန်းမာရေး ကောင်းမွန်တယ်လို့ ရှေ့နေကြီး ဦးခင်မောင်ဇော်က VOA ကို ပြောပါတယ်။ သူ့ကို စွဲဆိုထားတဲ့ အမှုတွေကို ရင်ဆိုင်ဖို့ ရှေ့နေ ၆ ယောက်ကို တာဝန်ပေးလိုက်ပြီး  နောက်ထပ်စွဲလာနိုင်ခြေ အမှုတွေကို ရင်ဆိုင်ဖို့ အကျိုးဆောင်ရှေ့နေတွေဘက်က ပြင်ဆင်နေပါတယ်။ တရားရုံးချုပ်ရှေ့နေဦး ဦးခင်မောင်ဇော်ကို ကိုသိန်းထိုက်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly