တရုတ်အား ပူးပေါင်း ကိုင်တွယ်ရန် အီးယူနှင့် အမေရိကန်သဘောတူညီ

တရုတ်အား ပူးပေါင်း ကိုင်တွယ်ရန် အီးယူနှင့် အမေရိကန်သဘောတူညီ

မတ် ၃၀

တရုတ်နိုင်ငံအား ပူးပေါင်းကိုင်တွယ်မည့် နည်းလမ်းအတွက် ဆွေးနွေးမှုများ လုပ်ဆောင်ရန် ဥရောပသမဂ္ဂနှင့် အမေရိကန်သံတမန်များအကြား သဘောတူလိုက်ကြောင်း အီးယူ၏ နိုင်ငံခြားရေး မူဝါဒအကြီးအကဲ ဂျိုးဇက် ဘော်ရယ်က ပြောကြားခဲ့သည်။

“စိန်ခေါ်မှုတွေ၊ အခွင့်အလမ်းတွေနဲ့ သက်ဆိုင်တဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပွဲ တစ်ခုကို ကျင်းပဖို့ အီးယူနဲ့ အမေရိကန်နိုင်ငံတို့အကြား သဘောတူညီထားပါတယ်။ တန်ပြန်ဆောင်ရွက်ရေး၊ စီးပွားရေးကဏ္ဍ၊ ပြန်လည်ထူထောင်ရေး၊ လူ့အခွင့်အရေး၊ လုံခြုံရေး၊ ဗဟုဝါဒ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လျော့ချရေးကဲ့သို့ တရုတ်နဲ့ အပြုသဘော ဆက်ဆံရမည့် နယ်ပယ်တွေအတွက် အကြီးတန်းအရာရှိတွေနဲ့ ကျွမ်းကျင်သူတွေအဆင့် အစည်းအဝေးကို ဆက်လက် ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလန်ကင်နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဘော်ရယ်က ပြောကြားသည်။

“ဥရောပသမဂ္ဂရဲ့ ကာကွယ်ရေးဆိုင်ရာ အစီအစဉ်တွေ အမေရိကန်အနေနဲ့ အပြည့်ဝဆုံး ပါဝင်ရေးကို ထောက်ခံဖို့ ။ ဒီကိစ္စတွေမှာ ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်လုပ်ဆောင်ဖို့ မိမိတို့အားလုံး သဘောတူညီခဲ့ကြပါတယ်။ ဒါဟာ အရေးကြီးဆုံး ကိစ္စ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး မူဝါဒဟာ အတ္တလန္တိတ်ဒေသလုံခြုံရေးနဲ့ သက်ဆိုင်သလို ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း ခိုင်မာတဲ့ အခွင့်အလမ်းတွေကို ဖြစ်စေပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့အတူ ဘလန်ကင်က တရုတ်အစိုးရ၏ အင်အားသုံး လုပ်ဆောင်ချက်များအပေါ်  ပြင်းထန်စွာ သတိပေးခဲ့သည့် အပြင် မြေက်အတ္တလန္တိတ်စာအုပ် (နေတိုး) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အမေရိကန်က တရုတ်ကို ရင်ဆိုင်တုံ့ပြန်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

“မဟာမိတ်တွေအနေနဲ့ မိမိတို့ကို သို့မဟုတ်တရုတ်ကို ရွေးချယ်ဖို့ အမေရိကန်က ဖိအားပေးမှာ မဟုတ်ပါဘူး။ တရုတ်ရဲ့ အင်အားသုံးခြိမ်းခြောက်မှုတွေဟာ မိမိတို့ရဲ့ စုပေါင်းလုံခြုံရေးနဲ့ ပိုင်ဆိုင်မှုတွေကို ထိခိုက်စေတယ်ဆိုတာ မေးစရာတောင် မလိုတော့ပါဘူး။နိုင်ငံတကာ စနစ်ရဲ့ စည်းမျဉ်းတွေနဲ့ မိမိတို့အားလုံး ထားတဲ့ တန်ဖိုးများကို ထိခိုက်အောင် တက်တက်ကြွကြွလုပ်နေပါတယ်” ဟု ဘရပ်ဆဲရှိ နေတိုးတပ်ဖွဲ့ရုံးချုပ်တွင် ပြုလုပ်သည့် အစည်းအဝေးသို့ ဘလင်ကန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly