ဝန်ကြီးချုပ်မိုဒီ၏ ခရီးစဉ်အတွင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နားလည်မှုစာချွန်လွှာ အနည်းဆုံး ၅ ခု လက်မှတ်ရေးထိုးဖွယ်ရှိ

By IndiaToday
30 March 2021
ဝန်ကြီးချုပ်မိုဒီ၏ ခရီးစဉ်အတွင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နားလည်မှုစာချွန်လွှာ အနည်းဆုံး ၅ ခု လက်မှတ်ရေးထိုးဖွယ်ရှိ

မတ် ၃၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေးအတွက် ရွှေရတုအခမ်းအနားနှင့် ဘန်ဂဘန်ဒူရှိတ်မူဂျာဘီရာမန်၏ ရာပြည့်နှစ်ပတ်လည်အခမ်းအနားသို့တက်ရောက်ရန်အတွက်ဝန်ကြီးချုပ်မိုဒီ၏ ၂ ရက်ကြာအလည်အပတ် ခရီးစဉ်အတွင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် နားလည်မှုစာချွန်လွှာ အနည်းဆုံး ၅ ခု လက်မှတ်ရေးထိုးဖွယ်ရှိနေသည်။

ဝန်ကြီးချုပ်မိုဒီသည် မတ်လ ၂၆ ရက်မှ ၂၇ ရက်အထိ ဘင်္ဂလားဒေ့ရှ်သို့ အလည်အပတ်သွားရန်စီစဉ်ထားပြီး ယင်းခရီးစဉ်အတွင်း ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနှင့်လည်း ကန့်သတ်ချက်များလုပ်ဆောင်ထားသည့် ကိုယ်စားလှယ်အဖွဲ့ အဆင့်ဆွေးနွေးမှုများပြုလုပ်မည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဒေါက်တာ အေကေ အက်ဒူလာ မိုမန်က “ နားလည်မှုစာချွန်လွှာ အရေအတွက် ပျမ်းမျှ ၅ ခုလောက် ထိုးနိုင်ပါတယ်” ဟု ဆိုသည်။

နားလည်မှုစာချွန်လွှာများနှင့် ပတ်သက်၍ နှစ်နိုင်ငံညှိနှိုင်းမှုများဆက်လက်ရှိနေသေးပြီး မတ်လ ၂၇ ရက်နေ့ တွင် ဝန်ကြီးချုပ်မိုဒီအနေဖြင့် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုအပြီးတွင်မှ လက်မှတ်ရေးထိုးမည်ဖြစ်သည်။

ဝန်ကြီးချုပ်မိုဒီသည် မတ်လ ၂၆ နေ့မနက်ပိုင်းတွင် ဒါကာလေဆိပ်သို့ ရောက်ရှိမည်ဖြစ်သည်။ ထို့နောက်သူသည် ၁၉၇၁ ခုနှစ်လွတ်မြောက်ရေးစစ်ပွဲအတွင်းကျဆုံးသွားသော အာဇာနည်များကို ဂါရဝပြုရန် ဆာဗာ ရှိ အမျိုးသားအာဇာနည်အထိမ်းအမှတ်ဗိမာန်သို့ သွားရောက်ရန် စီစဉ်ထားသည်။

ပြီးနောက် ဒန်မွန်ဒီ ၃၂ ရှိ  ဘင်္ဂလားဒေ့ရှ်တည်ထောင်သူ ဖခင်ကြီး ၏ မူလ အိမ်တော်ဖြစ်သည့် ဘန်ဂါဘန်ဒူအထိန်းအမှတ်ပြတိုက်သို့ သွားရောက်ဂါရဝပြုမည်ဖြစ်သည်။

ထို့နောက်တွင် ဝန်ကြီးချုပ်မိုဒီသည် အမျိုးသားစစ်ရေးပြပန်းခြံတွင် အထူးဧည့်သည်တော်အဖြစ် ဂုဏ်ပြုခံအခမ်းအနားတက်ရောက်မည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် သမ္မတ အက်ဒူ ဟာမစ်သည်လည်း ယင်းအခမ်းနားတွင် အဓိက အထူးဧည့်သည့်တော်အဖြစ်တက်ရောက်မည်ဖြစ်ပြီး ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် ယင်းအခမ်းအနား၏ ဥက္ကဋ္ဌအဖြစ် ပါဝင်မည်။ 

ညနေပိုင်းတွင်သူသည် Bangabandhu International Conference Center တွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနှင့်အတူ 'Bangabandhu-Bapuပြတိုက်' ကိုဖွင့်လှစ်ရန်စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly