၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို တရုတ်နိုင်ငံတွင် မကျင်းပရန် အမေရိကန်လွှတ်တော်အမတ် တောင်းဆို

By Daily Sikh
30 March 2021
၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို တရုတ်နိုင်ငံတွင် မကျင်းပရန် အမေရိကန်လွှတ်တော်အမတ် တောင်းဆို

တရုတ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ၂၀၂၂ ခုနှစ်တွင် ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲကို အခြားတစ်နိုင်ငံသို့ ပြောင်းလဲကျင်းပရန် အမေရိကန်အထက်လွှတ်တော်အမတ် ရစ်စကော့က ကူညီထောက်ပံ့ပေး မည့် လုပ်ငန်းအဖွဲ့အစည်းများသို့ တောင်းဆိုသည့် စာတစ်စောင် ပေးပို့လိုက်သည်။

“လူ့အခွင့်အရေး သိသိသာသာ ချိုးဖောက်နေတဲ့ နိုင်ငံတစ်ခုအနေနဲ့ သူ့ရဲ့ အပြစ်တွေကို ဖုံးအုပ်ဖို့ အိုလံပစ် ပြိုင်ပွဲ ကျင်းပတာကို ကျွန်တော်တို့အနေနဲ့ လက်မခံနိုင်ပါဘူး။ ဒါကြောင့် လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုအတွက် ရပ်တည်ကြဖို့နဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုအပေါ် တန်ဖိုးထားတဲ့ နိုင်ငံတစ်နိုင်ငံကို ပြောင်းလဲ ကျင်းပဖို့ အထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အိုလံပစ်ကော်မတီကို တိုက်တွန်းဖို့ လိုပါတယ်” ဟု စကော့က ပြောကြားသည်။

တရုတ်အစိုးရသည် ရှင်ကျန်းဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လုပ်ဆောင်နေကြောင်း စကော့က ပြောကြားသည်။

တိဗက်နှင့် ဟောင်ကောင်ပြည်သူများ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ စကော့က “အတင်းအဓမ ္မ ကိုယ်ဝန်ဖြတ်ချမှုနဲ့ သဘောဆန္ဒမပါဘဲ သန္ဓေတားစေခြင်းတို့အပါအဝင် ဖော်ပြလို့မရတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ထားကြောင်း သတင်းရရှိပါတယ်။ ကလေးတွေကို သူတို့မိဘတွေနဲ့ ခွဲထားပြီး ဝီဂါမျိုးရိုးကို စွန့်လွှတ်ဖို့ ဖိအားပေးပါတယ်”ဟု ပြောကြားသည်။

ထောက်ပံ့ပေးသူများက အိုလံပစ်ကောင်စီကို မတိုက်တွန်းပါက ကွန်မြူနစ်တရုတ်၏ မျိုးသုဉ်း သတ်ဖြတ်မှုကို အားပေးရာရောက်ကြောင်းလည်း အမေရိကန်အမတ်က ပြောသည်။

ဆောင်းရာသီအိုလပစ်ပြိုင်ပွဲအား လာမည့်နှစ်တွင် တရုတ်၌ ကျင်းပခွင့်ပြုခြင်းသည် ၁၉၃၆ ခုနှစ်က ဘာလင်မြို့၌ နာဇီဂျာမနီအား နွေရာသီ အားကစားပွဲ ကျင်းပခွင့်ပြုသကဲ့ဖြစ်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မိုက်ကယ်ပွန်ပယ်ရိုက ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။

“ ၁၉၃၀ ပြည့်နှစ်ကျော်က ဖြစ်ပွားတဲ့ အခြေအနေတွေဟာ တရုတ်နိုင်ငံ အနောက်ပိုင်းမှာ ယနေ့ ဖြစ်ပွားနေတာပဲ။ ဖြစ်စဉ် ၂ ခုက ကြောက်စရာကောင်းလောက်အောင် တူညီနေတယ်။ ဂျာမန်တွေကို ၁၉၃၆ခုနှစ် အားကစားပွဲကျင်းပခွင့် ပြုလုပ်ခြင်းဟာ သူတို့ကို လက်ခံ အသိအမှတ်ပြုလိုက်ခြင်းပါပဲ” ဟု ပွန်ပယ်ရိုက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required