မြန်မာ့အရေး ဖြေရှင်းနိုင်ရေး ဂျပန်နှင့် အင်ဒိုနီးရှား နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်မည်

မြန်မာ့အရေး ဖြေရှင်းနိုင်ရေး ဂျပန်နှင့် အင်ဒိုနီးရှား နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်မည်

မတ် ၃၀

မြန်မာနိုင်ငံ အရေးနှင့်ပတ်သက်၍ ပြေလည်စေရေးအတွက် ဂျပန်နှင့် အင်ဒိုနီးရှားအကြား နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်သွားရန် နှစ်နိုင်ငံ နိုင်ငံခြားရေး၀န်ကြီးများအကြား တနင်္လာနေ့တွင် သဘောတူညီခဲ့ကြသည်။

ထို့ပြင် ဖေဖေါ်၀ါရီ အာဏာသိမ်းမှုနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် သတ်ဖြတ်နေမှုများနှင့်ပတ်သက်၍လည်း စိုးရိမ်ပူပန်ကြောင်း ဂျပန်နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီးများက ထုတ်ဖော်ခဲ့ကြသည်။

ဂျပန်နိုင်ငံခြားရေး၀န်ကြီး တိုရှီမစ်ဆု မိုတဲဂီသည် တိုကျိုမြို့တွင် အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး ရက်တ်နို မာဆူဒီနှင့် တွေ့ဆုံဆွေး‌နွေးစဥ် မြန်မာနိုင်ငံ၌ ဆန္ဒပြသူများအပေါ် ဆက်လက် အကြမ်းဖက်နေခြင်းနှင့်ပတ်သက်ပြီး အပြင်းအထန် ရှုတ်ချခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ အခြေအနေ တိုးတက်စေရေးအတွက် အင်ဒိုနီးရှားအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့၀င်များ၏ အားထုတ်ကြိုးပမ်းမှုများကိုလည်း ဂျပန်နိုင်ငံအနေဖြင့် ကြိုဆိုကြောင်း မိုတဲဂီက ပြောခဲ့သည်ဟု သိရသည်။

မြန်မာ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာအပါအ၀င် အာဆီယံ အထူးအစည်းအဝေးတစ်ရပ် ကျင်းပရေး တောင်းဆိုခြင်းနှင့်အတူ အဆိုပါ အရေးကိစ္စအတွက် ငြိမ်းချမ်းသော ဖြေရှင်းနည်းလမ်းတစ်ခု ရရှိရေး အင်ဒိုနီးရှားနိုင်ငံက ကြိုးပမ်းခဲ့သည်။

အလားတူ ဂျပန်သည်လည်း မြန်မာအာဏာသိမ်းစစ်တပ်ကို ဖိအားပေးခြင်းအပါအ၀င် မြန်မာနိုင်ငံရှိ ဒီမိုကရေစီနည်းကျ နိုင်ငံရေးစနစ် ပြန်လည် ပေါ်ပေါက်ရေး အားထုတ်မှုများတွင် သိသာထင်ရှားသည့် အခန်းကဏ္ဍတစ်ခုကနေ ပါ၀င်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required