တောင်တရုတ်ပင်လယ်အရေး တင်းမာသည့်ကြား အမေရိကန်က ဖိလစ်ပိုင်ကို စစ်ရေးကူညီ

တောင်တရုတ်ပင်လယ်အရေး တင်းမာသည့်ကြား အမေရိကန်က ဖိလစ်ပိုင်ကို စစ်ရေးကူညီ

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ငါတစ်ကော ကောနေခြင်းကြောင့် ဒေသတွင်းတင်းမာမှုများဖြစ်နေစဉ် အမေရိကန်က ဖိလစ်ပိုင်သို့ စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၇၉ သန်းတိုးမြှင့်ပေးကြောင်း အမေရိကန်သံအမတ်ကြီးက နိုဝင်ဘာ ၂၅ ရက်က ပြောသည်။

အမေရိကန်နိုင်ငံသည် ၂၀၀၂ ခုနှစ်မှစကာ ဖိလစ်ပိုင်ကို စစ်အသုံးအဆောင်အမျိုးမျိုးအပါအဝင် စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါး ထောက်ပံ့ပေးထားသည်။

"ဖိလစ်ပိုင်အတွက် နိုင်ငံခြားစစ်ရေးရန်ပုံငွေကို ကျွန်တော်တို့ မြှင့်တင်ပေးပါတယ်။ ခုနှစ်အတွက် ဒေါ်လာ ၇၉ သန်းပေးသွားဖို့ရှိပါတယ်။ ဒေသတွင်းမှာ ရေပြင်လုံခြုံရေးအတွက်ပဲဖြစ်ပါတယ်။"ဟု သံအမတ်ကြီး ဖိလစ်ဂိုးလ်ဘတ်က ANC ရုပ်မြင်သံကြားသို့ ပြောသည်။

နှစ်စဉ် ရေကြောင်းကုန်သွယ်မှု ဒေါ်လာ ၅ ထလီယံရှိသည့် တောင်တရုတ်ပင်လယ်တွင် တရုတ်က ပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုနေပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်နှင့် ဘရူးနိုင်းနိုင်ငံ များနှင့် ပိုင်ဆိုင်မှု အငြင်းပွားနေရသည်။

တရုတ်က ရေပြင်ပိုင်နက် ပိုင်ဆိုင်မှု အသေဆုပ်ကိုင်ထားခြင်းနှင့် ၎င်းတည်ဆောက်ထားသည့် လူလုပ်ကျွန်းများတွင် လေယာဉ်ကွင်းသုံးခုတည်ဆောက်ခြင်းနှင့် အခြားအဆောက်အအုံ အထောက်အပံ့များ တည်ဆောက်ခြင်းတို့ကြောင့် ဒေသတွင်း တပ်လှန့်အခြေအနေဖြစ်စေသကဲ့သို့ တောင်တရုတ်ပင်လယ်ရေပိုင်နက်တွင် စစ်ရေးချဲ့ထွင်တည်ဆောက်နေခြင်းဆိုကာ အမေရိကန်အတွက်လည်း စိုးရိမ်မှုများ မြင့်မားနေရသည်။

ဖိလစ်ပိုင်သို့ ယခုနှစ်တွင် ဒေါ်လာ သန်း ၅၀ ထောက်ပံ့မည်ဟု အစောပိုင်းက အမေရိကန်က ကြေညာခဲ့ခြင်းဖြစ်သည်။ တောင်တရုတ်ပင်လယ် ကင်းလှည့်အစောင့်ချခြင်း အတွက်   ရေတပ်နှင့်   လေတပ်ဖွဲ့များ၏ စွမ်းဆောင်ရည် တည်ဆောက်သွားရေး ရည်မှန်းလျက် ဖိလစ်ပိုင်သည် ဒေသတွင်း အမေရိကန်၏ စစ်ရေးအကူအညီအများဆုံးရရာ နိုင်ငံများတွင် တစ်နိုင်ငံဖြစ်သည်။

Ref ; World News Report

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required