ဘင်္ဂလားဒေ့ရှ်တွင် ၁၉၇၁ ခုနှစ်က ပါကစ္စတန်၏ လူမျိုးတုံးသတ်ဖြတ်မှုအား အတည် ပြုရန် အီးယူကိုတိုက်တွန်း

By Zee 5
28 March 2021
ဘင်္ဂလားဒေ့ရှ်တွင် ၁၉၇၁ ခုနှစ်က ပါကစ္စတန်၏ လူမျိုးတုံးသတ်ဖြတ်မှုအား အတည် ပြုရန် အီးယူကိုတိုက်တွန်း

မတ် ၂၈

၁၉၇၁ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါကစ္စတန်စစ်တပ်က  လူပေါင်းထောင်နှင့်ချီ၍ သတ်ဖြတ်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှု အမှတ်တရအဖြစ် ဘရပ်ဆဲလ်ရှိ ဥရောပနိုင်ငံများဆိုင်ရာ အဖွဲ့အစည်းများ ရှေ့တွင် ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။

ဥရောပနှင့် အာဖရိကရှိ အခြားလူမျိုးတုံးသတ်ဖြတ်မှုနှင့် နှိုင်းယှဉ်ပါက အသိအမှတ်ပြုမခံရသေးသောကြောင့် ယင်းလူမျိုးတုံးသတ်ဖြတ်မှုကို ကမ္ဘာတဝန်းအသိအမှတ်ပြုရန် ဥရောပတိုက်ရှိ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့အစည်း များနှင့် ဘင်္ဂါလီအဖွဲ့အစည်းများက  ယင်းဆန္ဒပြပွဲတွင် တောင်းဆိုကြခြင်းဖြစ်သည်။

ဆန္ဒပြသူများက ပိုစတာများနှင့်နဖူးစည်းစာတန်းများကို ကိုင်ဆောင် ဆန္ဒပြရာတွင်  လွန်ခဲ့နှစ်၅၀ - ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုအပေါ် ပါကစ္စတန်က အသိမှတ်ပြုရမည်ဟု တောင်းဆိုခဲ့ကြသည်။

သေဆုံးရသူများကိုအလေးမြတ်ပြုရန်နှင့် ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂ၏ အသိအမှတ်ပြုမှုကိုတောင်းခံရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက ပါကစ္စတန်၏ လူမျိုးတုံးသတ်ဖြတ်မှု နှစ်၅၀မြောက်နှစ်ပတ်လည်တွင် လာရောက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ဘရပ်ဆဲလ်ရှိ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မန်နယ် အမ်ဆလမ်မီက ဆိုသည်။

 “၁၉၇၁ခုနှစ် ဘင်္ဂလားဒေ့ရှ် ဟိန္ဒူလူမျိုးတုံးသတ်ဖြတ်မှုနဲ့ အဓမ္မပြုကျင့် ခံခဲရတဲ့ အမျိုးသမီး ၂ သိန်းမှ ၄ သိန်းအပါအဝင် သတ်ဖြတ်ခံရသူ လူပေါင်း  ၂ သန်းမှ ၄ သန်းအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ် ပြုလုပ်ခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့အနှစ်၅၀ကြာပြီးနောက်မှာဒီ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ရပ်ကို သတိရဖို့လိုပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဟိန္ဒူတွေ၊မွတ်စလင်တွေ၊ခရစ်ယာန်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို ရက်ရက်စက်စက်ညှင်းပန်းသတ်ဖြတ်ခံရတာကို ဘယ်တော့မှမမေ့အောင်လို့ပါ”ဟု ၎င်းက ပြောသည်။

 ဟိန္ဒူဘာသာဝင်များ နယ်မြေဆုံးရှုံးခဲ့ရသလို ပါကစ္စတန်စစ်တပ်၏ သတ်ဖြတ်ခြင်းကိုလည်း ခံခဲ့ရကြောင်း မန်နယ် အမ်ဆလမ်မီက Europa Blog တွင် ရေးသားခဲ့သည်။

 “ဒီလူမျိုးတုံးသတ်ဖြတ်မှုအ ပေါ်တစ်ကမ္ဘာလုံးက အသိအမှတ်ပြုဖို့ ကျွန်တော်တို့ မျှော်လင့်နေကြပါတယ်။ ဒီကိစ္စဟာ ဥရောပနဲ့အာဖရိကမှာရှိတဲ့ အခြားလူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့နှိုင်းယှဉ်ရင် အသိအမှတ်ပြုမခံရဘဲ ကျန်နေလို့ပါ”ဟု အမ်ဆလမ်မီက က ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၉၇၁ခုနှစ်က ဖြစ်ပွားခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုခံခဲ့ရသောသူများအား အလေးမြတ်ပြုသောအားဖြင့် ဘင်္ဂါလီလူမျိုးတုံးသတ်ဖြတ်မှုအောက်မေ့ဖွယ်နေ့ သို့မဟုတ် ဘင်္ဂလားဒေ့ရှ် လူမျိုးတုံးသတ်ဖြတ်မှု အထိမ်းအမှတ်နေ့ကို မတ်လ၂၅ရက်တွင် အမျိုးသားနေ့အဖြစ်ကျင်းပခဲ့ရာ ၂၀၁၇ခုနှစ်တွင် ယင်းနေ့ကို တညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။

အာဝါမီအဖွဲ့ချုပ် ပါတီမှ အဖွဲ့မှ မဲအများစုရရှိခဲ့သည့် ၁၉၇၀ပြည့်နှစ်ရွေးကောက်ပွဲရလဒ်များကို စစ်တပ်ခေါင်းဆောင်များက လက်ခံရန်ငြင်းဆန်ပြီးနောက်  ပါကစ္စတန်စစ်တပ်သည် ၁၉၇၁ခုနှစ်မတ်လ၂၅ရက်နေ့ညတွင် ဘင်္ဂါလီတော်လှန်ရေးကိုချေမှုန်းသောအားဖြင့် လက်နက်မဲ့ပြည်သူများကို တိုက်ခိုက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly