အိန္ဒိယစီးပွားရေး ပြန်လည်ကောင်းမွန်လာမည်ဟု IMF သုံးသပ်

အိန္ဒိယစီးပွားရေး ပြန်လည်ကောင်းမွန်လာမည်ဟု IMF သုံးသပ်

 

အိန္ဒိယနိုင်ငံ၏စီးပွားရေးသည် တဖြည်းဖြည်း ပြန်လည်နာလန်ထူသည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF ) က ကမ္ဘာ့ဘဏ်နှင့် လာမည့် နွေရာသီအစည်းအဝေးမပြုမီ ခန့်မှန်း ပြောကြားလိုက်သည်။

အိန္ဒိယစီးပွားရေးသည် တဖြည်းဖြည်းချင်း ပြန်လည်နာလန်ထူလာပြီး၊ လက်တွေ့ ဂျီဒီပီတိုးတက်မှုသည် ၂၀၂၀ပြည့်နှစ်၏ နောက်ဆုံး ၃လပတ်တွင် အပေါင်းဖက်သို့ ဦးတည်နေပြီဖြစ်ရာ ကူးစက်ရောဂါစတင်ချိန်မှစ၍ ပထမဆုံးအကြိမ်ဖြစ်ပြီး၊ အသားတင် ပုံမှန်ရင်းနှီးမြှုပ်နှံမှု အရှိန်အဟုန်ရလာခြင်းဖြစ်ကြောင်းIMF ၏ ပြောရေးဆိုခွင့်ရှိသူ ဂါရီရိုက်စ်က က မတ်လ ၂၆ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ထို့အပြင်ပစ္စည်းဝယ်ယူရေး မန်နေဂျာများ ပြုစုထားသည့် ကုန်သွယ်မှုနှင့် ရွေ့ပြောင်းလွယ်မှု အညွှန်းကိန်းအပါအဝင် မြင့်မားသော ကြိမ်နှုန်းအညွှန်းကိန်းများက၂၀၂၁ခုနှစ်ပထမ ၃လပတ်တွင်လည်း ဆက်လက်နာလန်ထူလာနေကြောင်း ဖော်ပြနေသော်လည်း၊ မကြာသေးမီက အရေးပေါ်အခြေအနေအမျိုးမျိုးနှင့်ဒေသတွင်းပိတ်ဆို့မှုများကြောင့်ရေရှည်တည်တံ့သောပြန်လည်နာလန်ထူမှုအတွက်အန္တရာယ်များဖြစ်စေနိုင်ကြောင်းလည်း ရိုက်စ်က ကပြောကြားခဲ့သည်။

IMF က ကမ္ဘာ့စီးပွားရေးအလားအလာကို ဧပြီလ၆ရက်တွင် ထုတ်ပြန်ရန်စီစဉ်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly