ရှင်ကျန်းအရေးနှင့် သက်ဆိုင်သည့် ပိတ်ဆို့အရေးယူခြင်းများအပေါ်တရုတ်၏ တုံ့ပြန်မှုကို အမေရိကန်နှင့်ဗြိတိန်တို့ စိုးရိမ်

ရှင်ကျန်းအရေးနှင့် သက်ဆိုင်သည့် ပိတ်ဆို့အရေးယူခြင်းများအပေါ်တရုတ်၏ တုံ့ပြန်မှုကို အမေရိကန်နှင့်ဗြိတိန်တို့ စိုးရိမ်

မတ် ၂၇

ရှင်ကျန်းဒေသတွင် လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ဥရောပသမဂ္ဂ၊အမေရိကန်နှင့် ဗြိတိန်တို့၏ ပိတ်ဆို့ အရေးယူခြင်းများအပေါ် တရုတ်၏ တုံ့ပြန်မှုများနှင့် ပတ်သက်၍ စိုးရိမ်မကင်းဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့က ပြောကြားလိုက်သည်။

တရုတ်၊အီရန်နိုင်ငံတို့၏ ကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံစလုံးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဦးစားပေး၍ ပူးပေါင်းလုပ်ဆောင်သွားရန် နှစ်နိုင်ငံခေါင်းဆောင်များအကြား မတ်လ ၂၆ ရက်က  ဖုန်းမှတစ်ဆင့်ဆွေးနွေးရာတွင် သဘောတူညီခဲ့ကြကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဆွေးနွေးသည့်အကြောင်းအရာများအပေါ် အိမ်ဖြူတော်က အသေးစိတ် မဖော်ပြခဲ့သော်လည်း ဗြိတိန်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်သည့် ကြေညာချက်တွင် ရှင်းလင်းဖော်ပြထားသည်။

ဗြိတိန်အစိုးရက ထုတ်ပြန်ချက်အရ နှစ်နိုင်ငံခေါင်းဆောင်များအကြား ကိုဗစ်ရောဂါ တိုက်ဖျက်ရေး၊ နိုင်ငံတက စိန်ခေါ်မှုပြဿနာများ၊ အီရန်အနေဖြင့် နျူကလီးယားသဘောတူစာချုပ်တွင် ပြန်လည်ပါဝင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ရှင်ကျန်းဒေသလူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံအပေါ် ဗြိတိန်၊ အမေရိကန်နှင့် အခြား မိတ်ဖက်နိုင်ငံတို့၏ ပူးပေါင်းပိတ်ဆို့ အရေးယူမှုများ၊ တရုတ်၏ ပြန်လည်တုံ့ပြန်မှုများနှင့်ပတ်သက်၍ ၎င်းတို့၏ စိုးရိမ်မှုများကို ဆွေးနွေးခဲ့ကြောင်းလည်း ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly