တရားမဝင် ငါးဝင်ဖမ်းသည့် တရုတ်ရေလုပ်ငန်း ၁၃ဦးနှင့် သင်္ဘောကို ထိုင်ဝမ်အာဏာပိုင်များ ဖမ်းဆီး

တရားမဝင် ငါးဝင်ဖမ်းသည့် တရုတ်ရေလုပ်ငန်း ၁၃ဦးနှင့် သင်္ဘောကို ထိုင်ဝမ်အာဏာပိုင်များ ဖမ်းဆီး

မတ် ၂၇

ထိုင်ဝမ်အာဏာပိုင်များက တရုတ်ငါးဖမ်းသင်္ဘောတစ်စင်းနှင့် သင်္ဘောသား ၁၃ဦးအား ကီးလန်ကမ်းလွန်ရေပြင်ရှိ ပန်ဂျီယာ ကျွန်းငယ်အနီး တရားမဝင်ငါးဖမ်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း Focus Taiwan သတင်းဌာနက ဖော်ပြသည်။

တရုတ်သင်္ဘောတစ်စင်းသည် ကျွန်းငယ်၏ အရှေ့မြောက်ဖက်ရေမိုင် ၁၄ မိုင်အတွင်း (၂၅ ဒသမ ၉၃ ကီလိုမီတာ) အတွင်း သို့ ဝင်ရောက်နေသည့်သတင်းကို မတ်လ ၂၃ ရက်က ရရှိခဲ့ပြီးနောက် ကမ်းရိုးတန်းစီမံအုပ်ချုပ်ရေးဌာန (CGA) ၏ ကီးလန်ရုံးက ယခုကဲ့သို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ပင်လယ်ပြင်အရင်းအမြစ်များ ကြွယ်ဝသည့် ပန်ဂျီယာ ကျွန်းငယ်သည် ထိုင်ဝမ် စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင်ရှိပြီး သာမန်အရပ်သားများ ဝင်ရောက်ခွင့်မရှိပေ။

မတ်လ ၁၃ ရက် ညနေ ၁ နာရီခန့်တွင် CGA တပ်ဖွဲ့ရေယာဉ်သည် ပန်ဂျီယာကျွန်း အရှေ့မြောက်ဖက် ရေမိုင် ၁၆ မိုင်အထိ ရောက်ရှိခဲ့ပြီး တရုတ်သင်္ဘော တရားမဝင်ငါးဖမ်းသည့် မှတ်တမ်း ဗီဒီယိုကို ရယူခဲ့သည်။

CGA ရေယာဉ်က စစ်ဆးရန် တောင်းဆိုသည့်အခါ ငါးဖမ်းသင်္ဘောသည် ပြန်လှည့်ကာ ထွက်ပြေးခဲ့သော်လည်း နောက်ဆုံးတွင် ဖမ်းမိသွားသည့်အခါ ယင်းသင်္ဘောပေါ်တွင် ငါးအရှင် ၂၀၀၀ ကီလိုဂရမ်ကို ဖမ်းမိခဲ့သဖြင့် ရေထဲသို့ ပြန်လွှတ်ပေးလိုက်သည်။
ယင်းငါးဖမ်းသင်္ဘောကို ကီးလန်ကျွမ်းရှိ ဆိပ်ကမ်းသို့ ခေါ်ဆောင်သွားပြီး သင်္ဘောသား ၁၃ဦးကို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly