ဦးပိုင်နှင့် MEC တို့ကို အမေရိကန်နှင့် ဗြိတိန်တို့ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ် 

ဦးပိုင်နှင့် MEC တို့ကို အမေရိကန်နှင့် ဗြိတိန်တို့ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ် 

မတ် ၂၆

မြန်မာနိုင်ငံက စစ်ခေါင်းဆောင်များကို တိုး၍ ဖိအားပေးခြင်း လုပ်ဆောင်ချက်အဖြစ် စစ်တပ်ပိုင် ကုမ္ပဏီလုပ်ငန်းစုကြီးနှစ်ရပ်အား အမေရိကန်နှင့် ဗြိတိန်တို့က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်သည်။ 

အဆိုပါ ကုမ္ပဏီလုပ်ငန်းစုကြီးနှစ်ရပ်မှာ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် MEHL တို့သည် နိုင်ငံ၏ အဓိကလုပ်ငန်းကြီး အများအပြားတွင် အကျိုးအမြတ်များ ထည့်ဝင်ထားခြင်းဖြင့် မြန်မာ့စီးပွားရေး၏ အရေးပါသော ကဏ္ဍများကို ပိုင်ဆိုင်ထိန်းချုပ်ထားသည်။ 

အဆိုပါ ကုမ္ပဏီကြီးနှစ်ရပ်အား အမေရိကန်သည် လက်ရှိ၌ နာမည်ပျက်စာရင်းသွင်းလိုက်ပြီး အမေရိကန်တွင် ရှိသော ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်ကာ ၎င်းတို့နှင့် အမေရိကန်နိုင်ငံသားများ၊ လုပ်ငန်းကိုင်ငန်းများက စီးပွားရေး တွဲမလုပ်ရန် တားမြစ်လိုက်ခြင်း ဖြစ်သည်။ 

ဗြိတိန်သည်လည်း MEHL ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သည်။ “ဒီ အရေးယူမှုတွေဟာ အာဏာသိမ်းမှုကို ဦးဆောင်သူတွေ၊ စစ်တပ်ရဲ့ စီးပွားရေးအကျိုးစီးပွားတွေနဲ့ မြန်မာစစ်တပ်ရဲ့ လူမဆန်တဲ့ နှိပ်ကွပ်မှုတွေကို ထောက်ပံ့တဲ့ ငွေကြေးစီးကြောင်းတွေကို အတိအကျပစ်မှတ်ထားသွားမှာ ဖြစ်ပါတယ်”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောသည်။ “မြန်မာ့ပြည်သူတွေကို တိုက်ရိုက်သက်ရောက်မှာ မဟုတ်ပါ။”ဟု ၎င်းက ဆိုသည်။ 

MEHL နှင့် MEC တို့သည် စစ်တပ်၏ ဆန္ဒပြသူများကို နှိပ်ကွပ်မှုအတွက် ငွေကြေးထောက်ပံ့မှုဖြစ်နေသည်ဟု ဆိုလျက် လူ့အခွင့်အရေးအဖွဲ့များနှင့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများက ယင်း ကုမ္ပဏီကြီးနှစ်ရပ်အား ဒဏ်ခတ်ပိတ်ဆို့ရေးအတွက် ရေရှည်တိုက်တွန်းနေခဲ့ခြင်း ဖြစ်သည်။ 

သို့ရာတွင် ယင်း ကုမ္ပဏီလုပ်ငန်းစုကြီး နှစ်ရပ်အား ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်သည့် အဓိကအင်အားကြီးနိုင်ငံအဖြစ် လက်ရှိအထိ အမေရိကန်သာ ရှိနေပြီး အာရှရှိ မြန်မာ၏ အကြီးဆုံးကုန်သွယ်ဖက်များက ဒဏ်ခတ်ပိတ်ဆို့မှုများကို ငြင်းဆိုထားကြသည်။ 

ယခု တိုးမြှင့်ဖိအားပေးခြင်းကလည်း အပြောင်းအလဲအတွက် လုံလောက်သည့် အင်အားဖြစ်လိမ့်မည်မဟုတ်ဟု ဝေဖန်သူများက ပူပန်ကြသည်။ “ဒီလောက်နဲ့တော့ မြန်မာစစ်တပ်ကို ပြောင်းလဲပစ်နိုင်လောက်အောင် မရှိဘူး”ဟု နိုင်ငံတကာပဋိပက္ခအုပ်စုမှ မြန်မာ့အရေးကျွမ်းကျင်သူ ရစ်ချက်ဟောဆေးက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly