မိုဒီ၏ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်က အိန္ဒိယ၏ ရင်းနှီးမြှပ်နှံကို ဝင်ရောက်လာစေနိုင်

မိုဒီ၏ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်က အိန္ဒိယ၏ ရင်းနှီးမြှပ်နှံကို ဝင်ရောက်လာစေနိုင်

မတ် ၂၅ 

၂၀၂၄ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်ဖွံ့ဖြိုးမှုနိမ့်ကျသည့်နိုင်ငံ (LDC) မှ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအဖြစ်သို့ တိုးတက်လာရန် စီစဉ်ထားသည်။ ယင်းအချက်က ဘင်္ဂလားဒေ့ရှ်ကို အိန္ဒိယနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ခြင်းနှင့် ကဏ္ဍပေါင်းစုံတွင်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘင်္ဂလားဒေ့ရှ်၏အသွင်းကူးပြောင်းမှုဖြစ်စဉ်ကို လွယ်ကူချောမွေ့စေမည်ဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ်နာရမ်ဒရာမိုဒီသည် မတ် ၂၆၊ ၂၇ ရက်များတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာသို့ သွားမည်ဖြစ်ကာ အဆိုပါ နိုင်ငံ၌ အိန္ဒိယ၏ ရင်းနှီးမြုပ်နှံမှုများအတွက် အခွင့်အလမ်းပွင့်လာနိုင်သည်။

လွန်ခဲ့သော ၁၀နှစ်တာကာလအတွင်း ပျမ်းမျှတိုးတက်နှုန်း ၇ ရာခိုင်နှုန်းကျော်ရှိသည့် ထွန်းသစ်စ အာရှစီးပွားရေးဒုတိယအဆင့်တွင် ထင်ရှားသောဘင်္ဂလားဒေ့ရှ်သည် တောင်အာရှဒေသတွင်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက်ဆွဲဆောင်မှုရှိသောနေရာတစ်ခုဖြစ်လာခဲ့သည်။

၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အိန္ဒိယ၏အသားတင်ရင်းနှီးမြှုပ်နှံမှုမှာ ၁၂၃.၁၇သန်းရှိခဲ့သည်။အိန္ဒိယသည်ဘင်္ဂလားဒေ့ရှ်တွင်ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ နံပါတ် ၈ နေေရာတွင်ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်အိန္ဒိယရင်းနှီးမြုပ်နှံမှုကို ဆွဲဆောင်သော အဓိကဏ္ဍမှာ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖြစ်ပြီး ယင်းနောက်တွင်ဘဏ်လုပ်ငန်း၊အဝတ်အထည်နှင့်အထည်အလိပ်လုပ်ငန်းနှင့်ဆက်သွယ်ရေးတို့ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်သည်အိန္ဒိယသို့ဒေါ်လာ၁.ဝ၉ဘီလီယံတန်ဖိုးရှိကုန်ပစ္စည်းများကိုတင်ပို့ခဲ့ပြီး၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင်ဒေါ်လာ၅.၇၇ဘီလီယံတန်ဖိုးရှိကုန်ပစ္စည်းများကိုတင်သွင်းခဲ့သည်။ 

အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးဖွံ့ဖြိုးရေးမိတ်ဖက်ဖြစ်ပြီး ဖွံ့ဖြိုးမှုသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ အဓိကမှတ်တိုင်ဖြစ်သည်။အိန္ဒိယ သည်အမျိုးမျိုးသောဖွံ့ဖြိုးမှုလိုအပ်ချက်များအတွက်ဘင်္ဂလားဒေ့ရှ်သို့၂၀၁၀ပြည့်နှစ်တွင်ချေးငွေ(LoC) ဖြင့်အဖွဲ့အစည်းဆိုင်ရာအကူအညီများစတင်ပေးခဲ့သည်။

ထိုအချိန်မှစ၍အိန္ဒိယသည ်စီမံကိန်းများကိုအကောင်အထည်ဖော်ရန်အတွက်ချေးငွေ(LoCsသုံးခုတွင်) ဒေါ်လာ၇.၃၆ဘီလီယံနီးပါးကမ်းလှမ်းခဲ့သည်။အဓိကအားဖြင့်သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍများတွင်ဖြစ်သည်။

အသေးစားဖွံ့ဖြိုးရေးစီမံကိန်းများ (SDPs) သည် အိန္ဒိယဖွံ့ဖြိုးရေးအကူအညီ၏ တက်ကြွသောအပိုင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်ရှိကျောင်းသားများအားဘော်ဒါဆောင်များ၊ပညာရေးဆိုင်ရာအဆောက်အအုံများ၊ယဉ်ကျေးမှုစင်တာများနှင့်မိဘမဲ့ဂေဟာများအပါအဝင်SDPs များစွာကို အိန္ဒိယကရန်ပုံငွေထောက်ပံ့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly