တရုတ်အွန်လိုင်း ဗီဒီယို Bilibili က ဟောင်ကောင်စတော့ဈေးကွက်တွင် ဒေါ်လာ၂ ဘီလီယံကျော် ရရှိအောင် ကြိုးပမ်းမည်

တရုတ်အွန်လိုင်း ဗီဒီယို Bilibili က ဟောင်ကောင်စတော့ဈေးကွက်တွင် ဒေါ်လာ၂ ဘီလီယံကျော် ရရှိအောင် ကြိုးပမ်းမည်

မတ် ၂၅ 

တရုတ်အွန်လိုင်း ဗီဒီယို Bilibili က ဟောင်ကောင်စတော့ဈေးကွက်တွင် မကြာမီစာရင်းဝင်ရန်နှင့် ယင်းမှဒေါ်လာ၂.၆ဘီလီယံခန့်ရရှိရန ်လုပ်ဆောင်ရန် ရည်မှန်းထားသည်။

ရောင်းချမည့် ရှယ်ယာ၂၅သန်း အတွက် ရှယ်ယာတစ်စုလျှင် ၈၀၈ဟောင်ကောင်ဒေါ်လာဖြင့်ရောင်းချမည်ဟု Nasdaq စတော့ဈေးကွက်တွင် စာရင်းဝင်ထားသည့် အဆိုပါ  Bilibili နည်းပညာကုမ္ပဏီက မတ်လ ၂၄ ရက်တွင်  ထုတ်ပြန်ခဲ့သည်။ ယင်းပမာဏသည်အမေရိကန်အပ်ငွေ အစုရှယ်ယာတစ်စုအနေဖြင့် ကန်ဒေါ်လာ၁၀၄.ဝ၆ခန့်ရှိသည်ဟု Bilibili ထုတ်ပြန်သည်။ 

စတော့ဈေးကွက်တွင် စုစုပေါင်းရောင်းရငွေပမာဏသည် ဟောင်ကောင်ဒေါ်လာ၂၀.၂ဘီလီယံ (ဒေါ်လာ၂.၆ဘီလီယံ) ခန့်ရရှိနိုင်မည်ဟု မျှော်မှန်းထားသည်။ အာမခံရင်းနှီးမြုပ်နှံမှုဘဏ်များအနေဖြင့် ဝယ်လိုအားများခြင်းကြောင့် အစုရှယ်ယာ၃.၇၅သန်းကို ထပ်မံရောင်းချရန်ဆုံးဖြတ်ပါက ထိုကိန်းဂဏန်းမှာ မြင့်တက်လာနိုင်သည်။

Bilibili သည် မတ်လ၂၉ရက်နေ့တွင် ဟောင်ကောင်၌ ကုတ်နံပါတ်“၉၆၂၆”ဖြင့် စတင် အရောင်းဝယ်ပြုလုပ်မည်ဖြစ်သည်။

အောက်တိုဘာလတွင်CNBC ကဒုတိယအကြိမ် စတော့ဈေးကွက်တွင် စာရင်းသွင်းရောင်းချပါ က ဒေါ်လာ၁.၅ဘီလီယံအထိရရှိနိုင်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ Bilibili ၏ Nasdaq တွင် ရှယ်ယာ ဈေးနှုန်းများ ဆက်လက်မြင့်တက်လာမှုကြောင့် ယင်းကိန်းဂဏန်းသည် ဒေါ်လာ၂ဘီလီယံအထိ ခုန်တက်သွားသည်။ အမေရိကန်စတော့ရှယ်ယာဈေးနှုန်းသည် လွန်ခဲ့သောတစ်နှစ်နှင့် နှိုင်းယှဉ်လျှင်၄၀ဝ% ကျော်မြင့်တက်သွားသည်။

Bilibili က မိုဘိုင်းဂိမ်းများမှ တစ်ဆင့်ငွေရှာခြင်းနှင့် အသုံးပြုသူများကို Virtual  လက်ဆောင်များကို ရောင်းချပြီး၊ လက်ဆောင်များကို အသုံးပြုသူများက အကြိုက်ဆုံးlive streamers များထံပေးနိုင်သည်။

Bilibili ကဟောင်ကောင် ဒုတိယအကြိမ်စတော့ဈေးကွက်တွင် စာရင်းသွင်းရောင်းချလိုက်ခြင်းက Alibabaနှင့်JD.com အပါအဝင်အမေရိကန်ပြည်ထောင်စုတွင ်စာရင်းဝင်သည့် တရုတ်ကုမ္ပဏီများ၏ ခြေရာကို နင်းလိုက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags