အိန္ဒိယတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာသောကြောင့် ပြည်ပသို့ Oxford-AstraZeneca ကာကွယ်ဆေးများ တင်ပို့ခြင်းကို ယာယီရပ်ဆိုင်းထား

အိန္ဒိယတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာသောကြောင့် ပြည်ပသို့ Oxford-AstraZeneca ကာကွယ်ဆေးများ တင်ပို့ခြင်းကို ယာယီရပ်ဆိုင်းထား

မတ် ၂၅ 

အိန္ဒိယတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာသောကြောင့် ပြည်ပသို့ Oxford-AstraZeneca ကာကွယ်ဆေးများ တင်ပို့ခြင်းကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရင်းမြစ် များက ဘီဘီစီသို့ ပြောကြားခဲ့သည်။ 

လမည့် သီတင်းပတ်များမှ စတင်၍ ပြည်တွင်းအတွက် ဦးစားပေး အသုံးပြုသွားမည်ဖြစ်ပြီး တင်ပို့မှု ရပ်ဆိုင်းခြင်းကို ဧပြီလကုန်အထိ ရပ်နားထားရနိုင်ကြောင်းလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ယင်းအစီအစဉ်ကြောင့် Covax ကာကွယ်ဆေး အသုံးပြုနေသည့် နိုင်ငံ ၁၉၀ အပေါ် သက်ရောက်မှုများ ရှိလာနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အီအစဉ်သည် ကာကွယ်ဆေးအား နိုင်ငံများအားလုံး မျှတစွာ ရရှိစေရန် ဖြစ် သည်။

အိန္ဒိယ၏ ကာကွယ်ဆေးအများဆုံး ထုတ်လုပ်သော Serum Institute of India (SII) သည် AstraZeneca ကာကွယ်ဆေးများကို ဗြိတိန်နှင့် ဘရာဇီးအပါအဝင် နိုင်ငံအများအပြားသို့ တင်ပို့ရေးတွင် နှောင့်နှေးကြန့်ကြာလျှက်ရှိသည်။

အိန္ဒိယက ယခုချိန်ထိ ၇၆ နိုင်ငံသို့ ကာကွယ်ဆေး သန်း၆၀ ကျော် တင်ပို့ပြီးဖြစ်ကာ Oxford-AstraZeneca ကာကွယ်ဆေးကို အဓိက တင်ပို့ခြင်း ဖြစ်သည်။ 

မတ်လ ၂၄ ရက်က နိုင်ငံတွင်း ကူးစက်ခံရသူ ၄၇၀၀၀ ဦး ထပ်မံတွေ့ရှိခဲ့ရပြီး ၂၇၅ ဦး သေဆုံးခဲ့သောကြောင့် အိန္ဒိယက ကာကွယ်ဆေးပြည်ပသို့ တင်ပို့မှုကို ရပ်ဆိုင်းထားရန် ယခုကဲ့သို့ ဆုံးဖြတ်ခြင်း ဖြစ်သည်။ 

ဧပြီ ၁ ရက်မှ စတင်၍ အသက် ၄၅ နှစ်အထက် နိုင်ငံသားများကို ကာကွယ်ဆေးထိုးပေးမည်ဖြစ်သောကြောင့် ဆေးလိုအပ်ချက်လည်း မြင့်တက်လာမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly