အမျိုးသား တစ်ယောက်နှင့်အတူ တွေ့ခဲ့ရတဲ့ ဟာရီပေါ်တာ မင်းသမီး အမ်မာဝပ်ဆင်

အမျိုးသား တစ်ယောက်နှင့်အတူ တွေ့ခဲ့ရတဲ့ ဟာရီပေါ်တာ မင်းသမီး အမ်မာဝပ်ဆင်

ဟာရီပေါ်တာ မင်းသမီး အမ်မာဝပ်ဆင်ကို မကြာသေးမီက နယူးယော့ခ်မြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် အမျိုးသားတစ်ဦးနှင့်အတူ တွေ့ရှိခဲ့ကြောင်း New York Post တွင် ဖော်ပြထားသည်။

“သူတို့နှစ်ဦးဟာ ရယ်မော ပျော်ရွှင်နေကြတယ်။ စားသောက်ဆိုင်မှာ သူတို့နှစ်ဦး ထိုင်ဖို့ ထိုင်ခုံ မရှိတော့ဘူး။ အမျိုးသမီးတစ်ယောက်က အမ်မာဝပ်ဆင်မှန်း သိလိုက်တဲ့အခါ သူမနဲ့ သူမအမျိုးသား တို့ ထိုင်တဲ့ခုံကို အမ်မာဝပ်ဆင်တို့ နှစ်ဦးထိုင်ဖို့ ပြောခဲ့တယ်။ အမ်မာက မထိုင်တော့ပါဘူး ကျေးဇူးပါပဲ လို့ ယဉ်ယဉ်ကျေးကျေး ငြင်းပယ်လိုက်တယ်။ အမ်မာတို့နှစ်ဦးဟာ လူအများထိုင်နေတဲ့ စားပွဲမှာပဲ ထိုင်လိုက်ကြတယ်” ဟု သတင်း အရင်းမြစ်တစ်ခုက New York Post ကို ပြောကြားခဲ့သည်။

အသက် ၂၅ နှစ်အရွယ်ရှိ အမ်မာဝပ်ဆင်သည် ရတ်ဘီ ဘောလုံးကစားသမား မက်ဂျန်နေးနှင့် တစ်နှစ်နီးပါး တွဲခဲ့ပြီးနောက် ၂၀၁၄ ဒီဇင်ဘာက လမ်းခွဲခဲ့ကြပြီး မကြာသေးမီက မင်းသား ရောဘတ် အကွာရင်းနှင့် တွဲခဲ့သည်။

“လမ်းခွဲတဲ့အခါ ကျွန်မတစ်ကယ့်ကို စိတ်မသက်မသာ ဖြစ်ရပါတယ်။ စိတ်မသက်မသာ ဖြစ်တဲ့ အခါ ကျွန်မ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ကုစားခဲ့တယ်” ဟု အမ်မာက သြဂုတ်လက Vogue UK နှင့် ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားခဲ့သည်။ အမ်မာဝပ်ဆင်သည် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အ ထိ အောက်စဖို့ဒ် တက္ကသိုလ်ကျောင်းသား ဝေးလ်အက်ဒါ မစ်ဇ်မစ်ဇ်နှင့် တွဲခဲ့သည်။

အမ်မာဝပ်ဆင်သည် လာမည့်နှစ်တွင် Regression ဇာတ်ကားအပါအဝင် ရုပ်ရှင်ကား အများ အပြားတွင် ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်သည်။ Regression  ဇာတ်ကားသည် စွပ်စွဲခံထားရသည့် ရာဇဝတ်မှုအကြောင်းကို မမှတ်မိတော့သည့် ဖခင်တစ်ဦးအကြောင်းကို ပုံဖော် ရိုက်ကူးထားသည့် ဇာတ်ကား ဖြစ်သည်။

အမ်မာသည်  Circle နည်းပညာ ကုမ္ပဏီတွင် အလုပ်လုပ်သည့် အမျိုးသမီးတစ်ဦး အကြောင်း ကို ရိုက်ကူးမည့် The Circle ဇာတ်ကားတွင်လည်း ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required