ထိုင်ဝမ်က တရုတ်မှမဟုတ်သည့် ကာကွယ်ဆေးဝယ်ယူရာတွင် မိတ်ဆွေနိုင်ငံများကို ကူညီမည်

ထိုင်ဝမ်က တရုတ်မှမဟုတ်သည့် ကာကွယ်ဆေးဝယ်ယူရာတွင် မိတ်ဆွေနိုင်ငံများကို ကူညီမည်

မတ် ၂၄

သံတမန်ရေးအရ မဟာမိတ်ဖွဲ့ထားသည့် အနည်းငယ်မျှသော နိုင်ငံများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရာတွင် ထိုင်ဝမ်က ကူညီသွားမည်ဖြစ်ပြီသော်လည်း တရုတ်နိုင်ငံမှ ကာကွယ်ဆေးများကို ရရှိရန် ထိုင်ဝမ်က ၎င်း၏ ငွေများကို သုံးစွဲသွားမည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျိုးဖက်ဝူက မတ်လ ၂၄ ရက်တွင် ပြောကြားသည်။ 

ထိုင်ဝမ်အနေဖြင့် ၁၅ နိုင်ငံဖြင့်သာ တရားဝင် ဆက်သွယ်မှုရှိထားပြီး အများစုသည် လက်တင်အမေရိက၊ ကာရစ်ဘီယန်နှင့် ပစိဖိတ်ဒေသတို့မှ ဆင်းရဲသော၊ဖွံ့ဖြိုးဆဲ နိုင်ငံများဖြစ်သည်။ ယင်းနိုင်ငံများကိုလည်း တိုင်ပေနှင့် ဆက်ဆံရေး ဖြတ်တောက်ရန် ကြိုးပမ်းလုပ်ဆောင်လျှက်ရှိသည်။

တောင်အမေရိကတိုက်ရှိ တစ်ခုတည်းသော သံတမန်ချိတ်ဆက်ထားသည့် ပါရာဂွေးနိုင်ငံက ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် ထိုင်ဝမ်က ကူညီခဲ့သည်။ ယင်းကဲ့သို့ မဝယ်ယူမီက ပါရာဂွေးအစိုးရ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများအား ကိုင်တွယ်ဖြေရှင်းမှုအပေါ် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ 

“ဒါပေမယ့် သတ်မှတ်ချက် တစ်ခုတော့ ရှိပါတယ်။ တရုတ်ကာကွယ်ဆေးတွေကို မဝယ်ရပါဘူး၊ တကယ်လို့ ဝယ်မယ်ဆိုရင်တော့ ထိုင်ဝမ်က ငွေကို အသုံးပြုခွင့်မရှိပါဘူး”ဟု ၎င်းက ပြောသည်။

ထိုင်ဝမ်အနေဖြင့်ကိုဗစ်ရောဂါ ထိန်းချုပ်ရန် နှာခေါင်းစွပ်များနှင့် အခြားပစ္စည်းများကို အခြားနိုင်ငံများသို့ ပေးပို့ခဲ့သော်လည်း ၎င်းတို့ ကိုယ်တိုင်အနေဖြင့် ကာကွယ်ဆေးထိုးနှံသည့် အစီအစဉ်ကို ယခုသီတင်းပတ်မှသာ စတင်နိုင်ခဲ့သည်။ ပြည်တွင်းဖြစ်ကိုဗစ် ကာကွယ်ဆေးကိုလည်း ယခုနှစ်လယ်ပိုင်းမှသာ အစောဆုံး ထုတ်နိုင်ဖွယ် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required