အသက် ၄၅နှစ် အထက် အားလုံး ကာကွယ်ဆေးထိုးရန် အိန္ဒိယ တိုက်တွန်း

အသက် ၄၅နှစ် အထက် အားလုံး ကာကွယ်ဆေးထိုးရန် အိန္ဒိယ တိုက်တွန်း

မတ် ၂၄

ကူးစက်မှုများမြင့်တက်လာပြီး ကာကွယ်ဆေးထိုးဆေးခြင်းထိုးမှု ကျဆင်းနေသော်လည်း အရှိန်အဟုန်တိုးမြှင့်ရန်အတွက် ဧပြီလ ၁ ရက်နေ့မှစတင်ကာ အသက် ၄၅နှစ် အထက်လူအားလုံးအား ကာကွယ်ဆေးထိုးရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း အိန္ဒိယက မတ် ၂၃ရက်တွင် ကြေညာခဲ့သည်။

အိန္ဒိယသည် လူဦးရေသန်း ၅၀ နီးပါးကို ကာကွယ်ဆေးထိုးပေးခဲ့ပြီးဖြစ်သော်လည်း ဇူလိုင်လကုန်တွင်လူသန်း ၃၀ဝ ကိုကာကွယ်ဆေးထိုးရန်အစီအစဉ်မှာ အချိန်အနည်းငယ်နှောင်းနေကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။
ယခုအချိန်အထိကျန်းမာရေးစောင့်ရှောက်မှုနှင့်အခြားနယ်ပယ်များရှိ ရှေ့တန်းမျက်နှာစာမှ ဝန်ထမ်းများ၊ အသက် ၆၀ ကျော်နှင့် ရောဂါအခံရှိသော ၄၅ နှစ်အထက် လူအားလုံးသည် AstraZeneca ကာကွယ်ဆေး သို့မဟုတ် ပြည်တွင်းတွင် ထုတ်လုပ်သည့် Bharat Biotech ကာကွယ်ဆေး ထိုးရမည်ဖြစ်သည်။ 

"သိပ္ပံပညာနှင့် ကိုဗစ်-၁၉ အထူးလုပ်ငန်းအဖွဲ့ရဲ့ အကြံပေးချက်အရ ဧပြီ ၁ ရက်မှစတင်ပြီး အသက် ၄၅ နှစ်ကျော်သူတိုင်း ကာကွယ်ဆေးဖို့ကို ဝန်ကြီးအဖွဲ့က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်" ဟု သတင်းအချက်လက်နှင့် ရုပ်သံထုတ်လွှင့်မှုဌာန ဝန်ကြီး ပရာကက်ဇဝါဒီကာ က ပြောကြားခဲ့သည်။
ပထမအကြိမ်ဆေးထိုးပြီး ၄ ပတ်မှ ၈ ပတ်အတွင်း ဒုတိအကြိမ်ဆေးထိုးပေးရန်ကိုလည်း ပြည်နယ်အစိုးရများကို ညွှန်ကြားထားပြီးဖြစ်ကြောင်းလည်း ်ဇဝါဒီကာက ဆိုသည်။ အစောပိုင်းက ၄ပတ်မှ ၆ပတ်အတွင်းထိုးရန် ညွှန်ကြားထားသည်။
စက်တင်ဘာလမှ စ၍ ကူးစက်မှုများသိသိသာသာကျဆင်းပြီးနောက် ဘေးကင်းရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့် ရောဂါကူးစက်မှုကို လျစ်လျူရှု့လိုက်ခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် လူအများအပြားသည် ကာကွယ်ဆေးထိုးရန်တွန့်ဆုတ်နေကြသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။
မတ်လ ၁ ရက်နေ့တွင် ကာကွယ်ဆေးထိုးခံခဲ့သော ဝန်ကြီးချုပ် မိုဒီက “ ကာကွယ်ဆေးထိုးသင့်သူ အားလုံးဆေးထိုးကြရန်” ထုတ်ပြန်ချက်များဖြင့် တောင်းဆိုခဲ့သည်။ 
 “အိန္ဒိယကို ကိုဗစ်-၁၉ ကင်းစင်အောင် အတူတကွ လုပ်ဆောင်ကြစို့” ဟု သူက ယခုလအစောပိုင်းက တွစ်တာမှာ ရေးသားခဲ့သည်။
မကြာသေးမီရက်သတ္တပတ်များအတွင်းကူးစက်မှုများ ထပ်မံမြင့်တက်လာခဲ့သဖြင့် ဒေသအတော်များများတွင် လူစုလူဝေးခြင်းများနှင့် ပွဲလမ်းသဘင် အခမ်းအနားများကို ကန့်သတ်မှုများ ပြန်လည်ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly