ရှန်ဟိုင်းတွင် နိုင်ငံခြားသားများအား ကိုဗစ် ကာကွယ်ဆေး ထိုးပေးမည်

ရှန်ဟိုင်းတွင် နိုင်ငံခြားသားများအား ကိုဗစ် ကာကွယ်ဆေး ထိုးပေးမည်

မတ် ၂၄

မြို့တော်ရှန်ဟိုင်းတွင် နေထိုင်သည့် နိုင်ငံခြားသားများကို ကိုဗစ် ကာကွယ်ဆေးများ ထိုးပေးသွားမည်ဟု တရုတ်အစိုးရ တာဝန်ရှိသူများက ကြေညာလိုက်ရာ ယင်းအစီအစဉ်အား နိုင်ငံတွင်း ပထမဆုံး လုပ်ဆောင် သည့် မြို့တော် ဖြစ်လာမည်ဟု သတင်းများတွင် ဖော်ပြသည်။

ဆေးထိုးနိုင်သည့် အသက်အရွယ်အုပ်စုတွင် ပါဝင်သူများအနေဖြင့် ပြည်တွင်းဖြစ် ကာကွယ်ဆေးထိုးနိုင်ရန် မတ်လ ၂၉ ရက်မှစတင်၍ ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း အသိပေးချက်များ ထုတ်ပြန်ထားသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ 

အာမခံကြေးမပါဝင်ဘဲ လူတစ်ဦးစီအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကုန်ကျစရိတ်သည် ၁၅ ဒသမ ၃၅ ဒေါ်လာဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။ မြို့တော်ပေကျင်းတွင် နေထိုင်သည့် နိုင်ငံခြား ဂျာနယ်လစ်များနှင့် သံတမန်များကို ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျှက်ရှိသော်လည်း နိုင်ငံပြင်ပမှ လာရောက်နေထိုင်သူ အများစုအတွက် ထိုးပေးနိုင်ခြင်း မရှိသေးပေ။ 

ပြည်ပနိုင်ငံများတွင် နေထိုင်သည့် တရုတ်နိုင်ငံသားများကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးပေးနိုင်ရေးအတွက် စင်တာများ ဖွင့်လှစ်ပေးရန် တရုတ် အာဏာပိုင်များက စီစဉ်ထားသည်။ 

ဒေသတွင်းရှိ အကန့်အသတ်ရှိသည့် နိုင်ငံများတွင် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေး ထိုးပေးရန်   ပြင်ဆင်နေကြောင်းနှင့် အိမ်နီးချင်းနိုင်ငံများတွင် ရောက်ရှိနေသော ပြည်သူများအတွက် ကာကွယ်ဆေးထိုး ပေးရန် စီစဉ်ထားကြောင်း သံတမန်တစ်ဦးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required