Judd Apatow ၏ မကြာမီထွက်ရှိမည့် ဟာသရုပ်ရှင်ဇာတ်ကားတွင် Vir Das ပါ၀င်သရုပ်ဆောင် 

Judd Apatow ၏ မကြာမီထွက်ရှိမည့် ဟာသရုပ်ရှင်ဇာတ်ကားတွင် Vir Das ပါ၀င်သရုပ်ဆောင် 

 မတ် ၂၃
 
 ဟာသ သရုပ်ဆောင်နှင့် ဘောလိဝုဒ်မင်းသား Vir Das သည် နိုင်ငံတကာ ဟာသဇာတ်မြူးရုပ်ရှင်ကားတစ်ကားတွင်ပါ၀င်ရိုက်ကူးသရုပ်ဆောင်ထားပြီး ထိုဇာတ်ကားကို နာမည်ကြီး အွန်လိုင်းရုပ်ရှင်ပြသသည့် အစီအစဉ်တစ်ခုကနေထုတ်လွှင့်ဖြန့်ချိသွားမည် ဖြစ်သည်။  
 
The Bubble အမည်ရှိ ထိုရုပ်ရှင်ဇာတ်ကား၏ ဇာတ်လမ်းဇာတ်ကွက်သည် ဟာသဇာတ်မြူးတစ်ခု ဖြစ်ဖွယ်ရှိပြီးကပ်ရောဂါအကြောင်းနှင့် ဆက်နွယ်ကောင်း ဆက်နွယ်နိုင်သည်။ ထိုရုပ်ရှင်ဇာတ်ကားကို Judd Apatow ကဒါရိုက်တာအဖြစ် ရိုက်ကူးမည်ဖြစ်ပြီး Karen Gillan နှင့် Fred Armisen တို့ကဲ့သို့သော နာမည်ကြီးသရုပ်ဆောင်များနှင့် အခြားသရုပ်‌ဆောင်များ ပါ၀င်မည် ဖြစ်သည်။ ဇာတ်ကား ရိုက်ကူးခြင်းကို ယခုအခါ အင်္ဂလန်တွင် လုပ်ဆောင်လျက်ရှိပြီး ထိုဇာတ်ကားတွင် ပါ၀င်ရိုက်ကူးရသည့်အပေါ် Vir Das က အတော်ပင် ဘ၀င်ခိုက်နေပုံ‌ပေါ်နေသည်။၎င်းအနားတွင် ရှိသူအားလုံးနှင့် အတူတွဲပြီး အလုပ်လုပ်ရခြင်းမှာ အတော်ပင် ပျော်စရာကောင်းကြောင်း ၎င်းက မကြာသေးခင်က မီဒီယာနှင့် တွေ့ဆုံစဥ် ပြောဆိုခဲ့သည်။ ထိုဇာတ်ကားကို အထူးကောင်းမွန်စေရန်အတွက် တစ်ဖွဲ့လုံးက အထူးကြိုးစားအားထုတ်နေကြောင်းလည်း ၎င်းက ပြောခဲ့သေးသည်။ 

Vir Das သည် အများ၏ လေးစားချစ်ခင်ခြင်းကို ခံထားရသည့် ဟာသသရုပ်ဆောင်နှင့် ဘောလိဝုဒ်မင်းသားတစ်ဦးဖြစ်ပြီး ၎င်းသည် အောင်မြင်ရန် အလားအလာကောင်းသော ရုပ်ရှင်ဇာတ်ကားပေါင်းစုံကနေတဆင့် နေရာတစ်နေရာ ရအောင် ကြိုးပမ်းနိုင်ခဲ့သူ ဖြစ်သည်။ ၎င်းကို Badmaash Company နှင့် Go Goa Gone တို့လို ရုပ်ရှင်ကားများတွင် မြင်တွေ့ထားခဲ့ရပြီး ထိုဇာတ်ကားနှစ်ကားစလုံးသည် ပရိသတ်များ၏ သဘောကျအားပေးမှုကို တနင့်တပိုးရရှိထားခဲ့သည်။ အဆိုပါ မင်းသားကို ကပ်ရောဂါနှင့်ပတ်သက်ပြီး ရိုက်ကူးထားသည့် ဟာသဇာတ်ကားတစ်ကားတွင် မကြာခင် မြင်တွေ့ရရန် ရှိပြီး ထိုဇာတ်ကားသည် လာမည့် လအနည်းငယ်အတွင်း နာမည်ကြီး အွန်လိုင်းရုပ်ရှင်ပြသသည့် အစီအစဉ်တစ်ခုပေါ် ရောက်ရှိဖွယ် ရှိသည်။ အဆိုပါ ဇာတ်ကားတွင် Karen Gillan ၊ Iris Apatow ၊  Fred Armisen ၊ Maria Bakalova ၊ Keegan-Michael နှင့် Pedro Pascal တို့ကဲ့သို့ နာမည်ကြီး ဟောလိဝုဒ် သရုပ်ဆောင်များပါ၀င်ဖွယ် ရှိသည်။ ထိုအနုပညာရှင်အများစုသည် ပရိသတ် သဘောကျသည့် အောင်မြင်ရန် အလားအလာကောင်းသော ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲများတွင် သရုပ်ဆောင်ဖူးသူများဖြစ်သည်။   

The Bubble အမည်ရှိ ထိုဇာတ်ကားကို Judd Apatow က ဒါရိုက်တာအဖြစ် ရိုက်ကူးမည်ဖြစ်ပြီး သူသည် 40-Year-Old Virgin နှင့် Knocked up တို့ကဲ့သို့ ဇာတ်ကားများကို ယခင်က ရိုက်ကူးခဲ့သူဖြစ်သည်။  မင်းသားသည် ၎င်း၏ ဇတ်လမ်းပိုင်းအတွက် ရိုက်ကူးမှု ပြီးစီးထားပြီဖြစ်ပြီး ပရိသတ်များအတွက် တစ်မူထူးခြားတာတစ်ချို့ ယူဆောင်လာမည်ဟု ကတိပြုထားသည်။ သရုပ်ဆောင်များထဲတွင် Vir Das ပါ၀င်ထားသည့်အတွက် ထို ဇာတ်ကားသည်အထူးသဖြင့် အိန္ဒိယတွင် အတော်ပင် ရေပန်းစား၊လူပြောများစေခဲ့သည်။ ရိုက်ကူးရေးကို အင်္ဂလန်တွင် လုပ်ဆောင်လျက် ရှိပြီး ဟာသသရုပ်ဆောင်မင်းသားက ထိုဇာတ်ကားတွင် ပါ၀င်နိုင်ခြင်းအတွက် အ‌တော်ပင် သဘောကျဘ၀င်ခိုက်နေကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly