မြန်မာ့စီးပွားရေးဘဏ် စီးပွားရေးဆန်ဆန် မဆောင်ရွက်ပါက အရှုံးပေါ်နိုင်

မြန်မာ့စီးပွားရေးဘဏ် စီးပွားရေးဆန်ဆန် မဆောင်ရွက်ပါက အရှုံးပေါ်နိုင်

နေပြည်တော်၊နိုဝင်ဘာ၂၅ ။   ။ ယခုဘဏ္ဍာရေးနှစ်အတွင်း အပ်ငွေများပြားလာ၍ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် စီးပွားရေးဆန်ဆန် မဆောင်ရွက်နိုင်ပါက အရှုံးပေါ်နိုင်သည့်အတွက် သတိပြုဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းမှုကော်မတီမှ ပြည်ထောင်စုလွှတ်တော်သို့  အစီအရင်ခံခဲ့သည်။

ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များ၏ ကောလာဟလသတင်းများကြောင့် မြန်မာ့စီးပွားရေးဘဏ်သို့ ၂၀၁၅- ၂၀၁၆ခုနှစ် ဘဏ္ဍာနှစ် မကုန်ခင် စက်တင်ဘာလအထိ  အများပြည်သူများမှ စုငွေ ကျပ်(၄၂၂) ဘီလံ တိုးမြှင့်လာသည်ကိုတွေ့ရပြီး အတိုးများစွာ ပေးရမည်ဖြစ်ကြောင်း နိုဝင်ဘာ၂၄ ရက်နေ့ တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အစီခံခဲ့ခြင်းဖြစ်သည်။

“ ပြည်သူတွေဟာ ငွေအပ်တာ စုဆောင်းတာကောင်းသော်လည်းပဲ ဒီဟာတွေဟာ မြန်မာ့စီးပွားရေး ဘဏ်အနေနဲ့ စီးပွားရေးဆန်ဆန် မလုပ်နိုင်ပဲနဲ့ အတိုးတွေပဲ ထိုင်ပေးနေရမယ်ဆိုလို့ရှိရင် အရှုံးတွေပေါ်လာ မှာဖြစ်တဲ့အတွက် ဒီလိုမျိုးအခြေအနေတွေကို ကြိုတင်တွက်ချက်ပြီး စီးပွားရေး ဆန်ဆန်လုပ်နိုင်ဖို့ လိုတယ် ဆိုတာကို ကျွန်တော်တို့ တွေ့ရှိရပါတယ်“  ဟု ပြည်သူ့ငွေစားရင်း ပူးပေါင်းမှုကော်မတီ အဖွဲ့ဝင် ဦးမောင်တိုးက လွှတ်တော်၌ အစီ အရင်ခံစာ ဖတ်ကြား အစီအရင်ခံခဲ့သည်။

တစ်နှစ်လျင် စုဆောင်းငွေတိုးအပ်မှု ကျပ်ငွေ ဘီလီလျံ(၂၉၀)ခန့်အထိရှိလာသည့်အတွက်ဘဏ်က ပြန်ပေး ရသည့် နှစ်စဉ်အတိုးမှာကျပ်ငွေဘီလီလျံ(၂၀)ခန့်အတိုးနှုန်းကိုပေးနေရကြောင်း၊ ယင်းအတွက်ကြောင့် မြန်မာ့စီးပွားရေးဘဏ်က ဖြည့်စွက်ရန်ပုံငွေတိုးတောင်းခဲ့ခြင်းအပေါ် ပြည်သူ့ငွေစရင်းအဖွဲ့က ပြည်ထောင်စုလွှတ်တော်တွင် ထောက်ပြခဲ့ခြင်းဖြစ်သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်၊ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေ ကြမ်း အပေါ် ပြည်ထောင်စုလွှတ်တော်၏ ပြည်သူငွေ စာရင်းပူးပေါင်းကော်မှုကော်မတီမှ ငွေကြေး ဆိုင်ရာသုံးသပ် ချက် အစီ အရင်ခံစာကို ဖတ်ကြာ းပြီး ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပြီးဖြစ်ကြောင်း နှင့် ယင်းဥပဒေကြမ်း ဥပဒေ ကြမ်း၏ အခြေခံမူ၊အခြေခံသဘောအပါအဝင် ရငွေသုံငွေများနှင့် စပ်လျဉ်းပြီး ဆွေးနွေးလိုသည့် ကိုယ်စား လှယ် များမှ  ဆွေးနွေးလိုသည့် ဌာန၊အဖွဲ့အစည်းနှင့်အကြောင်းအကျဉ်းချုပ်ကို ဖော်ပြ၍ ဆွေးနွေးရန်အတွက်က နိုဝင်ဘာလ(၂၇) ၇က်ညနေ လေးနာရီနောက် ဆုံးထား၍  အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်က ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly