စင်ကာပူနှင့် အိန္ဒိယ သဘောတူညီချက် ကိုးခုလက်မှတ်ရေးထိုး

စင်ကာပူနှင့် အိန္ဒိယ သဘောတူညီချက် ကိုးခုလက်မှတ်ရေးထိုး

စင်ကာပူ၊ နိုဝင်ဘာ ၂၅ ။         ။ သံတမန်ဆက်ဆံရေး နှစ် ၅၀ပြည့် အထိမ်းအမှတ်အဖြစ် စင်ကာပူနှင့် အိန္ဒိယနိုင်ငံတို့သည် စုစုပေါင်းသဘောတူချက် ကိုးခုကို နိုဝင်ဘာ ၂၄က လက်မှတ်ရေးထိုးခဲ့ရာ ကာကွယ်ရေး၊ ယဉ်ကျေးမှု၊ အရပ်ဘက်လေကြောင်းပျံသန်းမှု၊ ပင်လယ်ရေကြောင်းနှင့် ဆိုက်ဘာလုံခြုံရေးတို့ ပါဝင်ကြောင်းသိရသည်။

ပြန်လည်မွမ်းမံသည့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (DCA)က နှစ်ဘက်စလုံးမှ ပုံမှန်ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှုကို ပြုလုပ်မည်ဖြစ်ကာ ပင်လယ်ရေကြောင်း လုံခြုံရေးတွင် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ ထို့အပြင် နှစ်နိုင်ငံ၏ ကာကွယ်ရေးလုပ်ငန်းများကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း အားပေးမည်ဖြစ်သည်။

DCA သည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်နှစ်ကျော်က လက်မှတ်ရေးထိုးခဲ့မှုနှင့် နှိုင်းယှဉ်လျင် ထူးခြားတိုးတက်သော ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း လက်မှတ်ရေးထိုးပွဲအခမ်းအနားအပြီး သတင်းထောက် များသို့ စင်ကာပူကာကွယ်ရေးဝန်ကြီး Ng Eng Hen ကပြောကြားခဲ့သည်။ "ကျွန်တော်တို့ရဲ့ကာကွယ်ရေးဝန်ကြီးတွေကြား အမြင့်ဆုံးအဆင့် ပုံမှန် အစည်းအဝေးတစ်ခုလုပ်ဖို့ ကျွန်တော်တို့ ကတိပြု ထားပါတယ်။ စစ်ဘက်ဆက်ဆံရေး၊ လေ့ကျင့်ရေး၊ အထူးသဖြင့် ပင်လယ်ရေကြောင်းလုံခြုံရေးမှာ ပိုမိုနီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်ရေးမှာ ပိုမိုလုပ်ဆောင်ဖို့ပါ" "နှစ်နိုင်ငံရဲ့ကာကွယ်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းလုပ်ဆောင်ဖို့ အလားအလာတွေအများကြီးရှိပါတယ်"ဟုလည်း ၎င်းကပြောသည်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ နှစ်ရက်ကြာခရီးစဉ်အတွင်း စာချုပ်ခဲ့သော အခြားသဘောတူညီချက်များတွင် မူးယစ်ဆေးဝါးမှောင်ခိုတိုက်ဖျက်ရာတွင် ပူးပေါင်းတိုက်ဖျက်ရေး၊ ဆိုက်ဘာလုံခြုံမှု တိုးတက်ရေးနှင့် မြို့ပြစီမံကိန်းတိုးတက်ရေးနှင့် ရေဆိုးစီမံခန့်ခွဲရေးကိစ္စများလည်း ပါဝင်သည်ဟု သိရသည်။ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို မစ္စတာမိုဒီနှင့် ဝန်ကြီးချုပ်လီရှန်လွန်းတို့၏ ရှေ့မှောက် တွင် ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly