မြန်မာနိုင်ငံတွင် လုပ်ငန်းများကို အကန့်အသတ်ဖြင့်သာ ဆက်လုပ်မည်ဟု အီတလီ အ၀တ်အထည် ကုမ္ပဏီ OVS ပြော

မြန်မာနိုင်ငံတွင် လုပ်ငန်းများကို အကန့်အသတ်ဖြင့်သာ ဆက်လုပ်မည်ဟု အီတလီ အ၀တ်အထည် ကုမ္ပဏီ OVS ပြော

မတ် ၁၆

အီတလီ အ၀တ်အထည်လက်လီဖြန့်ချိရေးလုပ်ငန်းကုမ္ပဏီ OVS က မြန်မာနိုင်ငံတွင် ယင်း၏ လုပ်ငန်းများကို အကန့်အသတ်ဖြင့်သာ ဆက်လက်ထိန်းသိမ်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း  ယမန်နေ့က ပြောကြားလိုက်သည်။

သို့ရာတွင် နိုင်ငံတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း ပါ၀င်သည့် အလုပ်သမားများအပေါ် ခွဲခြားဆက်ဆံသော မြန်မာလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ကိုင်မှု ရပ်ဆိုင်းမည်ဟုလည်း OVS က ပြောသွားခဲ့သည်။

“မြန်မာနိုင်ငံမှာ လက်ရှိ ထုတ်လုပ်မှုလုပ်ငန်း အရွယ်အစားက အသင့်အတင့်ပဲ ရှိတာကို ထောက်ဆကြည့်ရင်တော့ အိုဗွီအက်စ် အနေနဲ့ ဒီနိုင်ငံကို လွယ်လွယ်ကူကူပဲ စွန့်ခွာနိုင်ပါတယ်၊ ဒါပေမယ့်လည်း ဒီမှာ လုပ်ငန်းတွေ အကန့်အသတ်နဲ့ ဆက်လုပ်နေပါဦးမယ်” ဟု OVS က ထုတ်ပြန်သွားခဲ့သည်။

မြန်မာနိုင်ငံရှိ ကုန်ပစ္စည်းပေးသွင်းသူ (supplier) လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်း မည်မျှ ရှိထားသည်ဆိုသည်ကို ကုမ္ပဏီဘက်က ပြောကြားခဲ့ခြင်း မရှိပေ။

“ဆန္ဒပြပွဲတွေမှာ ပါ၀င်လုပ်ဆောင်တဲ့ အလုပ်သမားတွေအပေါ် ခွဲခြားဆက်ဆံမယ်ဆိုရင် အဲဒီလုပ်ငန်းရှင်တွေနဲ့တော့ လုပ်ငန်းပတ်သက်လုပ်ကိုင်မှုတွေကို ရပ်ဆိုင်းမှာဖြစ်ပါတယ်” ဟု OVS က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly