တရုတ် Long March 7A ဒုံးပျံကို ပထမဆုံးအကြိမ်အောင်မြင်စွာလွှတ်တင်နိုင်

တရုတ် Long March 7A ဒုံးပျံကို ပထမဆုံးအကြိမ်အောင်မြင်စွာလွှတ်တင်နိုင်

မတ် ၁၃ ၊၂၀၂၁

ယမန်နှစ်က အောင်မြင်စွာ မလွှတ်တင်နိုင်ခဲ့သည့် တရုတ်နိုင်ငံ၏ Long March 7A ဒုံးကျည်သစ်ကို ယခုအခါ ပထမဆုံးအကြိမ်အဖြစ် ဂြိုဟ်ပတ်လမ်းအတွင်းသို့ အောင်မြင်စွာလွှတ်တင်နိုင်လိုက်သည်။

ကြာသပတေးနေ့ (မတ်လ၁၁ရက်) ည၁၂နာရီ၅၁မိနစ်တွင် တရုတ်နိုင်ငံဟိုင်နန်ကျွန်းရှ ဝမ်ချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဒုံးပျံကိုလွှတ်တင်လိုက်သည်ဟု တရုတ်အစိုးရ ပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
Shiyan-9ဟုအမည်ပေးထားသောclassified experimental satellite ကို  ဂြိုဟ်တုပတ်လမ်းအတွင်းသို့ လွှတ်တင်နိုင်ခဲ့ပြီး၊ ယင်းဂြိုဟ်တုကို တရုတ်အာကာသနည်းပညာသိပ္ပံမှ တီထွင်ခဲ့ကြောင်း SpaceNewsမှ ဖော်ပြခဲ့သည်။

"ဒီဂြိုဟ်တုကိုအဓိကအားဖြင့်အာကာသပတ်ဝန်းကျင်ဆိုင်ရာစောင့်ကြည့်လေ့လာခြင်းအပါအဝင်နည်းပညာအသစ်ဖြစ်သောဂြိုဟ်တုပတ်လမ်းစမ်းသပ်မှုတွေအတွက်အဓိကအသုံးပြုပါမယ်" ဟုဆင်ဟွာကထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သောတစ်နှစ်ခန့်က တရုတ်နိုင်ငံသည်Long March 7A ဒုံးပျံအသစ်ကို၂၀၂၀ခုနှစ်၊မတ်လ၁၆ရက်တွင ်စတင်လွှတ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း၊ ပထမအဆင့် ပစ်စင်မှခွဲထုတ်ခြင်းနှင့် ပေါက်ကွဲအား ဆုံးရှုံးမှုနောက်ပိုင်းတွင် အင်ဂျင်ချွတ်ယွင်းမှုဖြစ်ပွားခဲ့သည်။

အဆိုပါဒုံးပျံကိုgeosynchronous transfer orbit အတွင်းသို့ဂြိုဟ်တုများလွှတ်တင်ရန်အတွက်တရုတ်၏Longhor 3B ဒုံးပျံအစား လွှတ်တင်ရေးဂြိုဟ်တုအဖြစ် အစားထိုးရန်နှင့် ကမ္ဘာမြေအထက်ရှိ ဘူမိဂြိုဟ်တုစခန်းပတ်လမ်းသို့ ရောက်ရှိရန်အတွက်လမ်းကြောင်းဂြိုဟ်တုအဖြစ်အသုံးပြုမည်ဖြစ်သည်။

ယင်းသည်အဆင့်မြင့်ပြုပြင်မွမ်းမံထားသောLong March 7ဒုံးပျံတစ်မျိုး ဖြစ်ပြီး၂၀၁၆တွင်စတင်လွှတ်တင်ခဲ့ပြီး၊ကမ္ဘာပတ်လမ်းနိမ့်သို့မစ်ရှင်၂ကြိမ်လွှတ်တင်ခဲ့သည်။

NASA ၏အဆိုအရgeosynchronous transfer orbit သို့ရောက်ရှိရန် ဒုံးပျံသည်ဂြိုဟ်တုအားကမ္ဘာ၏အထက်မိုင်၂၃၀ဝဝ (ကီလိုမီတာ၃၇၀ဝဝ) အထိရှိသောelliptical ဂြိုဟ်ပတ်လမ်းသို့ တိုးချဲ့လွှတ်တင်ရမည်ဖြစ်သည်။ တဖက်တွင်ဂြိုဟ်တုသည် ကမ္ဘာပတ်လမ်းနိမ့်တွင် မိုင်၁၀ဝမှ၂၀ဝသာရှိသည်။

Long March 7A ၏သယ်ဆောင်နိုင်စွမ်းသည်၈တန် (မက်ထရစ်တန်၇တန်) ဖြင့်ပိုမိုကြီးမားသောဝန်ချိန်ကိုဂြိုဟ်ပတ်လမ်းအတွင်းသို့သယ်ဆောင်နိုင်ကြောင်းနှင့်Long March 7သည်၆တန် (၅.၅မက်ထရစ်တန်)သာသယ်ဆောင်နိုင်စွမ်းရှိသည်ဟုဆင်ဟွာမှပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly