ယူနန်-အာဆီယံ ပြိုင်ပွဲတွင် ကွာတားအဆင့်၌ ဟနွိူင်း t&t အသင်းနှင့် ဟံသာဝတီအသင်း တွေ့ဆုံ

ယူနန်-အာဆီယံ ပြိုင်ပွဲတွင် ကွာတားအဆင့်၌ ဟနွိူင်း t&t အသင်းနှင့် ဟံသာဝတီအသင်း တွေ့ဆုံ
ယူနန်-အာဆီယံ ဖိတ်ခေါ်ဖလားပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင် နေသည့် ဟံသာဝတီအသင်း (ဓာတ်ပုံ-HUFC)

နိုဝင်ဘာ ၂၅၊ ရန်ကုန် ။         ။ ယူနန် - အာဆီယံ ဖိတ်ခေါ်ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ဟံသာဝတီအသင်းသည် အုပ်စုနောက်ဆုံးပွဲတွင် လက်ရှိ ချန်ပီယံ လီဂျင်းအသင်းကသရေ ကစားပြီး ကွာတားအဆင့်သို့ တက်ရောက်နိုင်ခဲ့ကာ ဗီယက်နမ်နာမည်ကြီးကလပ်အသင်းတစ်သင်း ဖြစ်သည့် ဟနွိုင်း t&t အသင်းနှင့် တွေ့ဆုံမည် ဖြစ်သည်။

ဟံသာဝတီအသင်းနှင့် တွေ့ဆုံမည့် ဗီယက်နမ်ကလပ် ဟနွိုင်း t&t အသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီ၌ ဗီယက်နမ်လိဂ်တွင် ဒုတိယဆု ရရှိထားပြီး လာမည့်နှစ် အာရှချန်ပီယံလိဂ် ဝင်ခွင့်ရရှိထား သည့် အသင်းတစ်သင်း ဖြစ်သည်။

ဟနွိုင်း t&t အသင်းသည် ယူနန်-အာဆီယံ ဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် အုပ်စုပွဲစဉ်၌ လေးပွဲလုံး အနိုင်ရကာ ကွာတားအဆင့်သို့ တက်ရောက်လာသည့် အသင်းတစ်သင်း ဖြစ်ပြီး နိုင်ငံခြားသား ကစားသမား လေးဦးထိ ပါဝင်ကစားလျက်ရှိသည်။

ဟံသာဝတီယူနိုက်တက်အသင်းမှာမူ လက်ရှိတွင် ပြည်တွင်းကစားသမားများဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အသင်း၏ အဓိကကစား သမားနှစ်ဦးဖြစ်သည့် မောင်မောင်လွင်နှင့် ကျော်ဇေယျ တို့ကိုလည်း လက်ရွေးစင်ယူ-၂၁ အသင်းသို့ စေလွှတ်ထားရသည့်အတွက် ပါဝင်နိုင်ခြင်း မရှိခဲ့ပေ။

ယူနန်-အာဆီယံ ဖိတ်ခေါ်ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ် တစ်ပွဲ ဖြစ်သည့် ဟံသာဝတီအသင်းနှင့် ဟနွိူင်း t&t အသင်း တို့ ပွဲစဉ် ကို လာမည့် နိုဝင်ဘာ ၂၅ ရက်တွင် တရုတ်နိုင်ငံ မန်စီ ရုံတွင်းဘောလုံးအားကစားကွင်း၌ မြန်မာစံတော်ချိန် နေ့လည် ၂း၃၀ တွင် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required