Microsoft ၏ ဆိုက်ဘာတိုက်ခိုက်ခံရမှုသည် တရုတ်နှင့် ဆက်စပ် နေကြောင်း ကုမ္ပဏီ ထုတ်ပြန်

Microsoft ၏ ဆိုက်ဘာတိုက်ခိုက်ခံရမှုသည် တရုတ်နှင့် ဆက်စပ် နေကြောင်း ကုမ္ပဏီ ထုတ်ပြန်

မတ် ၁၂

ကုမ္ပဏီအား ဆိုက်ဘာတိုက်ခိုက်ခံရမှုသည် တရုတ်နှင့် ဆက်စပ်နေသောကြောင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အနေဖြင့် ယင်းကိစ္စကို ကိုင်တွယ်ရန် အဖွဲ့ ဖွဲ့စည်းလိမ့်မည်ဟု မျှော်လင့်ကြောင်း Microsoft ကုမ္ပဏီက ထုတ်ပြန် ထားကြောင်း မီဒီယာသတင်းများတွင် ဖော်ပြသည်။

ဆိုက်ဘာတိုက်ခိုက်ခံရသူ အမေရိကန်တွင် ၃ သောင်းနှင့် တစ်ကမ္ဘာလုံးတွင် ၂သိန်းခွဲ ခန့် ရှိနိုင်ပြီး အရေအတွက် ပိုမိုများနိုင်ကြောင်း အမေရိကန်အရာရှိတစ်ဦးက CNN သတင်းဌာနသို့ ပြောသည်။ 

‘ပူးပေါင်းဆောင်ရွက်ရေး အုပ်စု’ (UCG) သည် အက်ဖ်ဘီအိုင်၊ ဆိုက်ဘာလုံခြုံရေးနှင့် အခြေခံအဆောက်အဦ လုံခြုံရေးအေဂျင်စီ (CISA) နှင့် အခြားအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ထားပြီး အမျိုးသားလုံခြုံရေးကောင်စီက စတင်ဖွဲ့စည်းပေးထားသည့် အေဂျင်စီပေါင်းစုံ၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက သတင်းဌာနသို့ ပြောကြားသည်။

ကုမ္ပဏီ၏ ကွန်ပြူတာများကို ဝင်ရောက်နိုင်သော နာမည်ကျော် အီးမေးလ်ဝန်ဆောင်မှုအတွင်းသို့ တရုတ်နှင့် ဆက်စပ်သည့် ဟက်ကာများက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Microsoft အိုင်တီ ကုမ္ပဏီကြီးက ထုတ်ပြန်ခဲ့သည်။ 

ပုံမှန်အားဖြင့် Hafnium အဖွဲ့သည် သည် ကူးစက်ရောဂါ သုတေသန၊ဥပဒေအဖွဲ့အစည်းများ၊ အဆင့်မြင့် ပညာကျောင်းများ၊ ကာကွယ်ရေးဆိုင်ရာ ကန်ထရိုက်များ၊ မူဝါဒ ချမှတ်သည့်အကြံပေးအဖွဲ့များနှင့် အင်န်ဂျီအိုများအပါအဝင် စက်မှုကဏ္ဍမှ သတင်းအချက်အလက်များနှင့် ပတ်သက်၍ အလွန်အကျွံ စိစစ်လွန်းသောကြောင့် အမေရိကန်တွင် သက်ဆိုင်ရာ လုပ်ငန်းများကို ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသည်။ 

“Hafnium အဖွဲ့သည် တရုတ်နိုင်ငံအတွင်း အခြေချသော်လည်း ၎င်း၏ လုပ်ငန်းများသည် အမေရိကန်ရှိ ပုဂ္ဂလိက ဆာဗာများမှ ပေါက်ကြားလာသည့် လုပ်ဆောင်ချက်များအပေါ် လုပ်ဆောင်ခြင်း ဖြစ်သည်။

“၎င်းတို့ တိုက်ခိုက်မှုတွင် အဆင့် ၃ ဆင့်ပါဝင်သည်။ ပထမဆင့်တွင် Exchange Server အတွင်းသို့ ခိုးယူထားသော သို့မဟုတ် ဝင်ခွင့်ရှိသည့် တစ်စုံတစ်ဦးအဖြစ် ဟန်ဆောင်ကာ ယခင်သုံးဖူးသည့် လျှို့ဝှက်ဂဏန်းများမှ ဖြစ်စေ ဝင်ရောက်ခြင်း ဖြစ်သည်။  
ဒုတိယအချက်အနေဖြင့် ဆာဗာအား အဝေးမှ ထိန်းချုပ်ရန် ဝက်ဘ်ဆိုက်အခွံတစ်ခုကို ဖန်တီးသည်။ တတိယအချက်အနေဖြင့် အဝေးရောက် နည်းဖြင့် ဝင်ရောက်ကာ အမေရိကန်အခြေစိုက် ပုဂ္ဂလိက ဆာဗာမှတစ်ဆင့် အဖွဲ့အစည်း ကွန်ရက်၏ အချက်အလက်များကို ခိုးယူခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly