အိန္ဒိယမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ၄၅ သန်း ယခုလအတွင်း ပါကစ္စတန် ရရှိမည်

အိန္ဒိယမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ၄၅ သန်း ယခုလအတွင်း ပါကစ္စတန် ရရှိမည်
Photo - AFP

မတ် ၁၁ 

ပါကစ္စတန်အနေဖြင့် အိန္ဒိယမှ ထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၄၅ သန်းကို ယခုလအတွင်း ရရှိမည်ဟု အမျိုးသားကျန်းမာရေးဌာန အရာရှိ အာမာအာရှက်ခါဝါဂျီက ပြည်သူ့ငွေစာရင်းကော်မတီ (PAC) သို့ မတ် ၁၁ ရက်က ပြောကြားလိုက်သည်။

ကျန်းမာရေးဝန်ထမ်းများနှင့် သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ ၂၇ ဒသမ ၅ သန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးပြီး ဖြစ်ကြောင်း ၎င်းက PAC အစည်းအဝေးတွင် ပြောကြားသည်။ 

ကျန်းမာရေးဝန်ကြီးဌာန၏ ဦးစားပေးအစီအစဉ် သတ်မှတ်ချက်အရ ကာကွယ်ဆေး ဦးစားပေးထိုးရမည့် သူများတွင် ကျန်းမာရေးဝန်ထမ်းများနှင့် အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ ပါဝင်သည်။

Vaccine alliance Gavi နှင့် ပြုလုပ်သည့် သဘောတူညီချက်အရ ကာကွယ်ဆေး ၄၅ သန်းကို ရရှိမည်ဖြစ်ကြောင်းနှင့် ယခုနှစ် ဇွန်လအထိ ကာလအတွင်း ကာကွယ်ဆေး ၁၆ သန်းခန့် ရရှိမည်ဖြစ်သည်။ 

အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းအဖွဲ့အစည်းဖြစ်သည့် Gavi သည် ကာကွယ်ဆေးများကို ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ဖြန့်ဖြူးပေးနေပြီး ကိုဗစ် ၁၉ ကာကွယ်ဆေး ရရှိရန် ပါကစ္စတန်နှင့် ယမန်နှစ် စက်တင်ဘာလတွင် ပါကစ္စတန်နှင့် လက်မှတ်ရေးထိုးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly