အမေရိကန်နှင့် အိန္ဒိယတို့အကြား အကူအညီနှင့် ကာကွယ်ရေးအတွက် အသင့်ဖြစ်နေ

အမေရိကန်နှင့် အိန္ဒိယတို့အကြား အကူအညီနှင့် ကာကွယ်ရေးအတွက် အသင့်ဖြစ်နေ

ကမ္ဘာ့ဒီမိုကရေစီအင်အားကြီး ၂ နိုင်ငံဖြစ်သည့် အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့မှ စစ်သားများသည် ဖေဖော်ဝါရီ  ၈ ရက်မှ ၂၁ ရက်အထိ ပြုလုပ်သည့် ပူးတွဲလေ့ကျင့်မှုများတွင် အကြမ်းဖက်နှိမ်နှင်းရေး၊ လူသားချင်း ကူညီပံ့ပိုးမှု အစီအစဉ်များပါဝင်ခဲ့သည်။

အိန္ဒိယနို်ငငံ ရာဂျာစတန်၌ ပြုလုပ်ခဲ့သည့် ယုဒအဘာယက်စ် လေ့ကျင့်မှုသည် နှစ်နိုင်ငံအကြား မဟာဗျူဟာ မိတ်ဖက် ဆောင်ရွက်မှု ကတိကဝတ်ကို ပိုမိုခိုင်မာစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်သည့် ပူးတွဲလေ့ကျင့်မှု ပိတ်ပွဲအခမ်းအနားတွင် အိန္ဒိယဗိုလ်ချုပ် မိုက်ကယ်အေဂျေဖာမန်ဇက်က ၁၆ ကြိမ်မြောက် ယုဒအဘာယက်စ် လေ့ကျင့်မှုသည် အင်အားကြီးနှစ်နိုင်ငံနှင့် ကမ္ဘာ့အဆင့် စစ်တပ်များအကြား မိတ်ဖက်ဆက်ဆံရေးကို ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

တစ်နိုင်ငံစီမှ စစ်သည် ၂၅၀ ခန့် ပါဝင်ခဲ့ရာတွင် စစ်လက်နက်ပစ္စည်းများ လေ့ကျင့်ကိုင်တွယ်ခြင်းနှင့် စစ်မြေပြင် လေ့ကျင့်ခန်းများ၊ အရေးပေါ် ကယ်ဆယ်ရေး၊ ဆေးကုသမှုနှင့် အခြား အသက်ကယ်လေ့ကျင့်ခန်းများလည်း ပါဝင်သည်။

ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း စစ်သားများ ယောဂနှင့် အားကစားတို့ကို အတူလုပ်ဆောင် ခဲ့ကြသည်။ အမေရိကန်စစ်သားများကလည်း နွေဦးရာသီ ကြိုဆိုခြင်း အထိမ်းအမှတ် ဘာဆန်ပန်ချာမီ ပွဲတော်တွင် ပါဝင်ခဲ့ကြသည်။

“သတင်းအချက်အလက်ဖလှယ်ရေး၊ အိနိ္ဒယစစ်တပ်မှ လေ့ကျင့်သင်ယူရေးတို့အတွက် အခွင့်အလမ်းများရဖို့ ကျွန်တော်တို့ လာရခြင်းဖြစ်ပါတယ်၊ အတွေ့အကြုံတွေလည်း ရခဲ့ပါတယ်” ဟု အမေရိကန်ဗိုလ်ချုပ် အိတ်စ်ဗိုင်ရာတီဘရွန်ဆန်က ပြောသည်။ဖေဖော်ဝါရီ ၃ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့သည့် ကာကွယ်ရေးပြခန်းနှင့် လေကြောင်းပြပွဲ Aero India 2021 သို့လည်း အမေရိကန်တာဝန်ရှိသူများ ပါဝင်ခဲ့သည်။ 

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ဘင်္ဂလားပင်လယ်အော်နှင့် အာရေဗျပင်လယ်တို့၌ ကျင်းပခဲ့သည့် စစ်တပ် စစ်ရေး လေ့ကျင့်မှုကို အိန္ဒိယနိုင်ငံက လက်ခံပြုလုပ်ခဲ့ရာ ဒေသတွင်း ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် အမေရိကန်၊ ဩစတြေးလျနှင့် ဂျပန်တို့လည်း ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly