ထိုင်းမှ မြန်မာသို့ ရွှေချောင်းများ မှောင်ခိုတင်သွင်းရန် ကြိုးပမ်းခဲ့သည့် အမျိုးသားကို ထိုင်းရဲ ဖမ်းဆီး

ထိုင်းမှ မြန်မာသို့ ရွှေချောင်းများ မှောင်ခိုတင်သွင်းရန် ကြိုးပမ်းခဲ့သည့် အမျိုးသားကို ထိုင်းရဲ ဖမ်းဆီး

မတ် ၁၀

နယ်စပ်ကို ဖြတ်ပြီး မြန်မာနိုင်ငံသို့ ဘတ်ငွေ ၂၈ သန်းခန့် တန်ဖိုးရှိ ရွှေချောင်းများ မှောင်ခိုတင်သွင်းရန် လုပ်ဆောင်ခဲ့သည့် အမျိုးသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ချတ် အမည်ရ အဆိုပါ အသက် ၃၇ နှစ်အရွယ် အမျိုးသားသည် ပြီးခဲ့သည့် အင်္ဂါနေ့ ညနေ ၆ နာရီခန့်က ဆန်ခလာဘူရီ ခရိုင် Tambon Nong Lu ရှိ စစ်ဆေးရေးဂိတ်တစ်ခု၌ ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

သတင်းပေးချက်တစ်ခုအရ ထိုင်းရဲများသည် အဆိုပါ အမျိုးသား၏ ကန်ချာနဘူရီတွင် မှတ်ပုံတင်ထားသည့် တိုယိုတာ ပစ်ကပ်ကားကို ရှာဖွေခဲ့ရာ တစ်ခုလျင် အလေးချိန် တစ်ကီလိုဂရမ်ရှိ ရွှေချောင်း ၁၈ ချောင်း ပါ၀င်သော အိတ်တစ်အိတ်ကို ရှာတွေ့ခဲ့သည်။

Tambon Nong Lu ဒေသခံ ဒရိုင်ဘာဖြစ်သူက ရဲတပ်ဖွဲ့ကို ပြောကြားရာတွင် ဘုရားသုံးဆူမြို့ရှိ နယ်စပ်တွင် ရွှေဆိုင်တစ်ဆိုင် ပိုင်ဆိုင်သည့် အမျိုးသမီးတစ်ဦးက ၎င်းအား ဘန်ကောက် ချိုင်းနားတောင်းရှိ ဆိုင်တစ်ဆိုင်မှ ရွှေချောင်းများ ၀ယ်ယူရန် ငှားရမ်းခိုင်းစေခဲ့ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။

၎င်းသည် ဘုရားသုံးဆူ တောင်ကြားလမ်းအနီး ဘုရားကျောင်းတစ်ခု၌ မြန်မာနိုင်ငံမှ မှောင်ခိုသမားတစ်ဦးထံ အဆိုပါ ရွှေများကို လွှဲပြောင်းပေးရန် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

၎င်းသည် ယခင်ကလည်း ယခုကဲ့သို့ နှစ်ကြိမ် လုပ်ခဲ့ပြီး မတ်လ ၃ ရက်က ဘတ် ၆ ဒသမ ၄ သန်းတန်ဖိုးရှိ ရွှေချောင်း လေးချောင်း၊ ပြီးခဲ့သည့် သောကြာနေ့က ဘတ် ၇ ဒသမ ၄ သန်းတန်ဖိုးရှိ ရွှေချောင်း ငါးချောင်းတို့ကို မှောင်ခိုကူးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမှုအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly