ပါကစ္စတန်ရှိ တရုတ်သံရုံးမှ အရာရှိ၏တွစ်တာဗီဒိုယိုကြောင့် ပြင်းထန်စွာ ဝေဖန်ခံနေရ

By India Today
09 March 2021
ပါကစ္စတန်ရှိ တရုတ်သံရုံးမှ အရာရှိ၏တွစ်တာဗီဒိုယိုကြောင့် ပြင်းထန်စွာ ဝေဖန်ခံနေရ

ပါကစ္စတန်ရှိ တရုတ်သံရုံး၏တရုတ်ယဉ်ကျေးမှုဆိုင်ရာအကြံပေး ကျန်ဟေကင်းက တရုတ်မိန်းကလေးတစ်ဦးကနေသည့် ဗွီဒီယိုကို တွစ်တာတွင်တင်ပြီး၊ နာမည်ကိုလည်း“ မင်းရဲ့မျက်နှာလွှာပုဝါကို ဖယ်လိုက်ပါ၊ မင်းရဲ့မျက်လုံးတွေကို ငါ့ကိုကြည့်ခွင့်ပြုပါ။ ရှင်ကျန်းအက”ဟု ရေးသားခြင်းနှင့်ပတ်သက်ပြီး ပါကစ္စတန်ပြည်သူများ၏ ဝေဖန်တုန့်ပြန်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

ပါကစ္စတန်ရှိ တွစ်တာအသုံးပြုသူများက ယင်းဗီဒီယိုအားတင်ပြီး မကြာခင် တွစ်တာမှ ချက်ချင်းပယ်ဖျက်ရန် ဟေကင်းအား တောင်းဆိုခဲ့သည်။

ပြည်သူများသဘောမကျသည်ကို သဘောပေါက်ခြင်းကြောင့် တရုတ်သံရုံးက ဗီဒီယိုကို ပယ်ဖျက်ပေးခဲ့သည်။

ပါကစ္စတန်ရှိ တွစ်တာအသုံးပြုသူများက အစ္စလာမ်ကိုစော်ကားမှုအတွက် ဟေကင်းကို အပြစ်တင်ကြသည်။ ယင်းသို့ပြုလုပ်လိုက်သည့်အတွက် တရုတ် - ပါကစ္စတန်ဆက်ဆံရေးတင်းမာလာစေနိုင်သည်ဟုရေးသားခဲ့သည်။

"ဒါက အံ့သြစရာထုတ်ဖော်ချက်ပါပဲ။ တကယ်လို့တရုတ်တွေက ဒီလိုအစ္စလာမ်မုန်းတီးရေး ကြေညာချက်တွေကို ဆက်လက်ကျင့်သုံးမယ်ဆိုရင် တရုတ်နဲ့ပါကစ္စတန်ဆက်ဆံရေးဟာ ကောင်းတဲ့အဆုံးသတ်ဖြစ်မှာမဟုတ်ပါဘူး။ သူ့လိုရူးနှမ်းတဲ့လူတွေက နားလည်မှုလွဲမှားအောင်လုပ်နေကြပါတယ်။ တရုတ်အစိုးရကို တိုင်လိုက်တာ ကောင်းမယ်”လို့တွစ်တာအသုံးပြုသူကရေးသားခဲ့သည်။

နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း မျက်နှာလွှာ ပုဝါသည်“ငါတို့အစ္စလာမ်စံနှုန်းများ”၏အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းနှင့် ပါကစ္စတန်တွင် အရေးပါအရာရောက်သည့် ရာထူးယူထား သူတစ်ယောက်က ယခုလိုနောက်ပြောင်ခြင်းက ထိတ်လန့်အံ့သြဖွယ်ဖြစ်ကြောင်း ဟေကင်းအားသတိပေးခဲ့သည်။

ယင်းအပြုအမှုအား ကျွန်ုပ်တို့ကပြစ်တင်ရှုတ်ချခြင်းနှင့် ယင်းအားတွစ်တာမှ ဖျက်ပစ်ဖျက်သိမ်းရန်တောင်းဆိုပါတယ်။ ကျွန်ုပ်တို့၏တန်ဖိုးများကိုလေးစားလိမ့်မယ်လို့မျှာ်လင့်ပါတယ်။@ AnsarAAbbasi @ TalatHussain12 @MoulanaOfficial ဟု ရေးသားထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly