တောင်တရုတ်ပင်လယ် အငြင်းပွားမှု ဟိဂ်တရားရုံး စတင်ကြားနာ

တောင်တရုတ်ပင်လယ် အငြင်းပွားမှု ဟိဂ်တရားရုံး စတင်ကြားနာ

သည်ဟိဂ် ၊နိုဝင်ဘာ ၂၅ ။           ။ တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းများနှင့် ပတ်သက်၍ ဖိလစ်ပိုင်က တင်ပြလာသည့် အမှုတစ်ခုကို နိုင်ငံတကာခုံရုံးတစ်ခုက နိုဝင်ဘာ ၂၄တွင် စတင်ကြား နာခဲ့ရာ တရုတ်နှင့် ခါးသည်းသည့် အငြင်းပွားမှုမှာ ပိုမိုဆိုးဝါးလားခဲ့သည်။

တရားစီရင်ပိုင်ခွင့်၊ တရားဝင်ဖြစ်ဖြစ်ခြင်းတို့နှင့် ပတ်သက်ကာ ကောင်းကျိုးဆိုးပြစ်နှင့် ရှိနေသည့်ပြသနာများအပေါ် ခုံသမာဓိဖြင့် ဆုံးဖြတ်သည့် အမြဲတမ်းတရားရုံးတစ်ခုက ကြားနာမှုကို စတင်လိုက် ပြီဖြစ်ကြောင်း သည်ဟိဂ်အခြေစိုက် ခုံရုံးက ကြေညာချက်တစ်ခုတွင် ဖော်ပြခဲ့သည်။ မနီလာသည် အငြင်းပွားမှုကို ဆုံးဖြတ်ချက်ချရန် ရာစုနှစ်တစ်နှစ်ကြာမြင့်နေပြီဖြစ်သော ခုံရုံးကို တောင်းဆိုလိုက်ပြီး ပင်လယ်ပြင်ဥပဒေဆိုင်ရာကုလသမဂ္ဂကွန်ဗင်ရှင်းကိုလည်း အယူခံဝင်ခဲ့သည်။

ပေကျင်းသည် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်သည်ဟု ပြောကြားထားရာ အိမ်နီးချင်းနိုင်ငံအချို့နှင့် ပဋိပက္ခဖြစ်လျက်ရှိသည်။ တရုတ်သည် ကွန်ဗင်ရှင်းဆိုင်ရာအဖွဲ့ တစ်ခုဖြစ်သော် လည်း ယင်းပြသနာနှင့် ပတ်သက်၍ တရားရုံး၏ စီရင်ဆုံးဖြတ်ပိုင်ခွင့်ကို ပယ်ချထားသည်။ "ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ ခုံရုံးရဲ့လုပ်ငန်းစဉ်မှာ ပါဝင်မှာ မဟုတ်သလို ဆုံးဖြတ်ချက် ကိုလည်း လက်ခံမှာ မဟုတ်ပါဘူး"ဟု နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနပြောခွင့်ရပုဂ္ဂိုလ်ဟောင်လေက နိုဝင်ဘာ၂၄က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြာခဲ့သည်။

နိုဝင်ဘာ ၃၀အထိကြာမြင့်မည်ဟု မျှော်လင့်ရသော ကြားနာမှုကို တံခါးပိတ် ကျင်းပလျက်ရှိသည်။ သို့သော်လည်း သြစတြေးလျ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ကို လေ့လာ သူများအဖြစ် တက်ရောက်ခွင့်ပြုထားသည်။ ပေကျင်းသည် မဟာဗျူဟာမြောက် ရေလမ်းခရီးလမ်းကြောင်းကို ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တိတိကျကျမသတ်မှတ်သေးပေ။ ၎င်းရေလမ်းခရီးမှ ကမ္ဘာ့ရေနံ ကုန်သွယ်မှုအားလုံး၏ သုံးပုံတစ်ပုံမှာ ဖြတ်သန်းလျက်ရှိသည်။

တစ်စိတ်တစ်ပိုင်းအားဖြင့် ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဘရူနိုင်းတို့က ပိုင်ဆိုင်သည်ဟု ပြောကြားလျက်ရှိသော ရေပိုင်နက်သည် ကမ္ဘာ့အင်အားအကြီးဆုံး ပေကျင်းနှင့် ဝါရှင်တန်တို့ကြား အာဏာလွန်ဆွဲရာစင်မြင့်တစ်ခုဖြစ်လာခဲ့သည်။

၂၀၁၂ခုနှစ်က တရုတ်သင်္ဘောများနှင့် အားနည်းသော ဖိလစ်ပိုင်ရေတပ်ကြား လိပ်ခဲတည်းလည်းအခြေအနေဖြစ်ပေါ်ပြီးနောက် တရုတ်သည် ငါးသယံဇာတကြွယ်ဝသော စကာဘိုရိုသောင်အား ထိန်းချုပ်လိုက်သည်။ ၎င်းသောင်မှာ ဖိလစ်ပိုင်၏ သီးသန်းစီးပွားရေးဇုန်အတွင်း ရှိနေသည်။

၁၈၉၉ ခုနှစ်က တည်ထောင်ခဲ့သော တရားရုံးသည် ၎င်းအပေါ်မျက်နှာသာပေးမည့် ဆုံးဖြတ်ချက်များချမှတ်လိမ့်မည်ဟု ဖိလစ်ပိုင်က မျှော်လင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required