ဗဟိုဘဏ်မှအထိမ်းအမှတ် ငွေဒင်္ဂါးပြားထုတ်သည်အပေါ် ပြန်သုံးသပ်ရန် လွှတ်တော်တွင် အစီအရင်ခံ

ဗဟိုဘဏ်မှအထိမ်းအမှတ် ငွေဒင်္ဂါးပြားထုတ်သည်အပေါ် ပြန်သုံးသပ်ရန် လွှတ်တော်တွင် အစီအရင်ခံ

နေပြည်တော်၊နိုဝင်ဘာ ၂၅ ။     ။ ပြည်ထောင်စုလွှတ်တော်၏ ပြည်သူ့ငွေစာရင်းပူးပေါင်းမှုကော်မတီက မြန်မာနိုင်ငံဗဟိုဘဏ်မှ အထိမ်းအမှတ်ငွေဒင်္ဂါးပြားထုတ်ခြင်းသည် ဥပဒေနှင့်ညီညွှတ်မှု ရှိမရှိ သုံးသပ် ရမည့်အချက်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သု့ိ အစီအရင်ခံခဲ့သည်။      

“ ဗဟိုဘဏ်က ဒင်္ဂါထုတ်ခွင့်ရှိသော်လည်းပဲ ဒီဗဟိုဘဏ်၏ ဥပဒေအဆိုရင်တော့ တရားဝင် လည်ပတ်တဲ့ငွေတွေ ကိုပဲ ထုတ်ခွင့်ရှိတယ်ဆိုတဲ့သဘောမျိုးဥပဒေမှာ ရေးထားတာကိုတွေ့ရပါတယ်၊ဒီအထိမ်း အမှတ်ဒင်္ဂါးပြားတွေထုတ်တယ် ဆိုတဲ့ဥစ္စာဟာ ကျွန်တော်တို့ ဥပဒေနှင့်ညီညွှတ်ရဲ့လား၊တရားဝင်သုံးလို့ရတဲ့ ငွေကိုပဲ ထုတ်ခွင့်ရှိသလား အထိမ်းအမှတ်ကိုလည်း ဗဟိုဘဏ်အနေနှင့်ထုတ်လို့ရသလား ဆိုတာဟာ သုံးသပ်ရမယ့်အချက်ဖြစ်တယ်ဆိုတဲ့ ဒီဟာလေးတစ်ခုကို ကျွန်တော်တို့ တွေ့ရှိရပါတယ် “ ဟုပြည်သူ ငွေစာရင်းပူးပေါင်းမှုကော်မတီမှ နိုဝင်ဘာလ(၂၄)ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အစီအရင်ခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်ယူဆောင်ရွက်ခဲ့သည့် သက်တမ်းအထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ပထမအပတ်တွင် ငွေဒင်္ဂါးများကို ထုတ်ဝေခဲ့ပြီး ငွေစင်ငွေသား ၉၂ ဒသမ ၅ဝ ရာခိုင်နှုန်း ဖြင့် သွန်းလုပ်ထားပြီး အလေးချိန် ၂ဝ ဂရမ်နှင့် အချင်း ၂၅ မီလီမီတာရှိသည်။

ငွေဒင်္ဂါး၏ အရှေ့ဘက်တွင် နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်ရိုက်နှိပ်ထားပြီး အထိမ်းအမှတ် တံဆိပ်အောက်တွင် ၅ဝဝဝ ကျပ်နှင့် ထုတ်လုပ်သည့်နှစ် ၂ဝ၁၅ ဟု ပါရှိသည်။

အဆိုပါ ငွေဒင်္ဂါးကို အကန့်အသတ်ဖြင့် သွန်းလုပ်ခြင်းဖြစ်ပြီး ငွေဒင်္ဂါးတစ်ပြားကို ငွေကျပ် ၃ဝဝဝဝ ကျပ်နှုန်းဖြင့် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း အရောင်းဆိုင်များတွင် ရောင်းချပေးလျက် ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required