တရုတ်၏ ပို့ကုန်တင်ပို့မှု ဆယ်စုနှစ်များအတွင်း အမြင့်ဆုံးလယ်ဗယ်ကို မြင့်တက်

 တရုတ်၏ ပို့ကုန်တင်ပို့မှု ဆယ်စုနှစ်များအတွင်း အမြင့်ဆုံးလယ်ဗယ်ကို မြင့်တက်

မတ် ၇

တရုတ်နိုင်ငံ၏ ပို့ကုန်လုပ်ငန်း တိုးတက်မှုသည် ဆယ်စုနှစ်နှစ်ခုကျော်အတွင်း အမြင့်ဆုံးလယ်ဗယ်ကို မြင့်တက်ခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ထွက်ရှိခဲ့သည့် တရားဝင် ဒေတာအချက်အလက်များက ပြသနေခဲ့သည်။

အလားတူ ယင်းနိုင်ငံ၏ သွင်းကုန်တင်သွင်းမှုသည်လည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားမှုကြောင့် ရပ်တန့်လုနီးပါး အခြေအနေ ရောက်ထားခဲ့ရာကနေ ရုတ်တရက် တစ်ဟုန်ထိုး ပြန်လည်ဦးမော့ခဲ့ပြီး မြင့်တက်နေခဲ့ကြောင်း သိရသည်။

နှာခေါင်းစည်းကဲ့သို့သော အထည်အလိပ် ပို့ကုန်များနှင့် အီလက်ထရောနစ် ပို့ကုန်များက ပြည်ပ ကုန်စည်တင်ပို့မှုပိုင်း သိသိသာသာ မြင့်တက်မှုအတွက် အဓိကအကြောင်းရင်းတစ်ခု ဖြစ်နေခဲ့သည်။ အလားတူ ကပ်ရောဂါကာလအတွင်း work-from-home (နေအိမ်မှတဆင့် အလုပ်လုပ်ခြင်း) ဆိုင်ရာ အထောက်အပံ့ပစ္စည်းများနှင့် ဗိုင်းရပ်စ် အကာအကွယ် ပစ္စည်းကိရိယာများအတွက် ၀ယ်လိုအားက တစ်ဟုန်ထိုး မြင့်တက်ခဲ့သည်။

ဇန်န၀ါရီ-ဖေဖေါ်ဝါရီ ကာလအတွင်း တရုတ်၏ ပို့ကုန်တင်ပို့မှုသည် အစောပိုင်းတစ်နှစ်ကထက် ၆၀ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ အကဲဖြတ်လေ့လာသူများ၏ မျှော်မှန်းချက်များ၏ အထက်တွင် ရှိနေခဲ့သည်။

တစ်ချိန်တည်းမှာလည်း သွင်းကုန်တင်သွင်းမှုများသည် ၂၂ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု တရားဝင်ဒေတာအချက်အလက်များက ပြသနေသည်။

ယခုနောက်ဆုံး ကိန်းဂဏန်းများသည် ယမန်နှစ်က ယင်းနိုင်ငံ၏ ပို့ကုန်တင်ပို့မှုပိုင်း၌ ၁၇ ရာခိုင်နှုန်းခန့် ကျဆင်းမှုနှင့် သွင်းကုန်ပိုင်း၌ လေးရာခိုင်နှုန်း ကျဆင်းခဲ့မှုတို့နှင့်ယှဉ်ပါက အတိုင်းသား ကွာခြားလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly