အစိုးရ၏ ငွေကြေးဖောင်းပွမှုနှုန်း သတ်မှတ်ချက် ၅.၉ ရာခိုင်နှုန်း သတ်မှတ်ချက်ကို ပြန်လည်သုံးသပ်ရန်ဆွေးနွေး

အစိုးရ၏ ငွေကြေးဖောင်းပွမှုနှုန်း သတ်မှတ်ချက် ၅.၉ ရာခိုင်နှုန်း သတ်မှတ်ချက်ကို ပြန်လည်သုံးသပ်ရန်ဆွေးနွေး

နေပြည်တော် ၊နိုဝင်ဘာ၂၅ ။            ။ အစိုးရ၏ ငွေကြေးဖောင်းပွမှုနှုန်းသတ်မှတ်ချက် ၅.၉ ရာခိုင်နှုန်း သတ်မှတ်ချက်ကို ပြန်လည်သုံးသပ်ဖို့လိုကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ အမျိုးသားလွှတ်တော်ကိုယ်စားဦးခင်ရွှေက ပြည်ထောင်စုလွှတ်တော် တွင်ဝေဖန်ဆွေးနွေးခဲ့သည်။

ငွေကြေးဖောင်းပွမှုနှုန်းကိုယခင်က ဆန်ဈေး၊ရွှေဈေးတို့ဖြင့် တိုင်တာသတ်မှတ်ခဲ့ပြီး ယခုအခါအမေရိကန်ဒေါ်လာနှင့်တိုင်းတာခြင်းကြောင့် အစိုးရမှ ခြောက်လအတွင်း မြန်မာငွေကြေးဖောင်းပွမှုနှုန်း သတ်မှတ်ချက် ၅.၉ ရာခိုင်နှုန်းသတ်မှတ်ချက်ကို ပြန် လည်သုံးသပ်ရန် ဦးခင်ရွှက ဝေဖန်ဆွေးနွေးခဲ့ဖြစ်သည်။

မြန်မာကျပ်ငွေဖြင့် လဲလှယ်နှုန်းမှာ  အမေရိကန်တစ်ဒေါ်လာဈေးသည် ၂၀၁၅ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့၌ ၁၂၉၅ ကျပ်ရှိပြီး ၂၀၁၄ခုနှစ်တွင် နိုဝင်ဘာ၂၀ ရက်နေ့၌ ၉၅၀ ကျပ်သာရှိခြင်းမှာသုံး ဆယ်ရာခိုင်နှုန်းတက်သွားသည့် အနေအထားမျိုးဖြစ်ခြင်းကို ထောက်၍ ဦးခင်ရွှေ ကဝေဖန်ခဲ့သည်။

“ ငွေဖောင်ပွနှုန်းကို ကမ္ဘာ့ဘဏ္ဍာရေးငွေရေးကြေးရေးအဖွဲ့ကနေပြီးတော့ ဆယ်ရာခိုင်နှုန်းအထက် သတ်မှတ်ပေမယ့် ဒီမှာက ၅.၉ရာခိုင်နှုန်းသတ်မှတ်မှုကို ပြန်လည်သုံးသပ်ပေးဖို့တင်ပြချင်ပါတယ်“ ဟုဦခင်က ဆိုသည်။ `

အဆိုပါငွေကြေးဖောင်းပွမှုနှုန်းပါသည့် ပြည်ထောင်စုအစိုးရအဖွဲ့၏၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဒုတိယ (၆)လပါတ်အစီအရင်ခံ စာကို ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ပြည်ထောင်စုလွှတ်သို့(၁၈)ရက်နေ့ကတင်သွင်းခဲ့သည်။

အစိုးရက ငွေကြေးဖောင်ပွမှုနှုန်း (၆)လအတွင်း ၅.၉ရာခိုင်နှုန်း ရှိကြောင်းတွက်ချက်ခြင်းသည် ဗဟိုဘဏ်ဒုတိယဥက္ကဌတစ်ဦး စီးသည့် အဖွဲ့ကိုဖွဲ့စည်း၍ အခြေခံကုန်စည်များကို ခွဲတွက်ချက်ကြောင်းနှင့် ရွှေကိုသော်လည်းကောင်း၊ဒေါ်လာကိုသော်ကိုလလည်းကောင်း၊ အခြေခံ၍ တွက်ချက်ခြင်းမဟုတ်ကြောင်းနှင့် မြန်မာ့ငွေကြေးဖောင်ပွမှုနှုန်းကို ထိန်းသိန်းဆောင်ရွက်နေကြောင်း အစိုးရအဖွဲ့ကိုယ်စားအမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ပြန်လည်ရှင်းလင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly