သတင်းအချက်အလက်အများအပြား မှားယွင်းခြင်းကို ဖော်ထုတ်နိုင်ခြင်းနှင့် တန်ပြန်ရန် ဖြတ်တောက်နိုင်သော အဆင့်မြင့် ခြိမ်းခြောက်မှု ထောက်လှမ်းရေးပလက်ဖောင်း မိတ်ဆက်

သတင်းအချက်အလက်အများအပြား မှားယွင်းခြင်းကို ဖော်ထုတ်နိုင်ခြင်းနှင့် တန်ပြန်ရန် ဖြတ်တောက်နိုင်သော အဆင့်မြင့် ခြိမ်းခြောက်မှု ထောက်လှမ်းရေးပလက်ဖောင်း မိတ်ဆက်

အဆင့်မြင့် AI ကို လူ့အသိဉာဏ်နှင့်ပေါင်းစပ်ပြီး သတင်းအချက်အလက်အမှားများကို ကိုင်တွယ်ရန် Logically နည်းပညာကုမ္ပဏီတစ်ခုက ဖန်တီးပြုလုပ်လိုက်ပြီး ယနေ့ထုတ်ပြန်ကြေညာလိုက်သော ယင်းခြိမ်းခြောက်မှုထောက်လှမ်းရေး ပလက်ဖောင်းအသစ်သည် အွန်လိုင်းပေါ်ရှိ သတင်းအချက်အလက် အမှားအများအပြားကို ဖော်ထုတ် ဆန်းစစ်ပြီး အန္တရယ်မရှိအောင် ပြုလုပ်ပေးလိမ့်မည်ဖြစ်သည်။

အဆင့်မြင့်နည်းပညာ၊ လုံခြုံရေး၊ အတိုးအလျော့ပြုလုပ်နိုင်သည့် scalable cloud အခြေခံစနစ် တွင် တည်ဆောက်ထားပြီး၊ Logically Intelligence က Logically ၏စွမ်းရည်များကို အတူတကွပေါင်းစပ်ထားကာ ပုံပျက်နေသေ ာဇာတ်လမ်းများနှင့် အွန်လိုင်းခြိမ်းခြောက်မှုများကို ခွဲခြားစိတ်ဖြာခြင်း၊ အမျိုးအစားခွဲခြားခြင်းနှင့် ထောက်လှမ်းခြင်းတို့ကို အများအပြား ပြုလုပ်နိုင်မည်ဖြစ်သည်။

ယင်းသည် အလိုအလျောက်အချက်အလက်စစ်ဆေးခြင်းနှင့် OSINT သုတေသနအပါအဝင် ဆန်းစစ်ဖော်ထုတ်ထားသည့် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ရန် တန်ပြန်အစီအမံများစွာကို လက်လှမ်းမီသည်။ ယင်းစနစ်သည် ခွဲခြမ်းစိတ်ဖြာမှုစွမ်းရည်နှင့် မှားယွင်းသော သတင်းအချက်အလက်များကို ကိုင်တွယ်ရန် တန်ပြန်သော အစီအစဉ်များကို ပေါင်းစပ်ထားသော တစ်ခုတည်းသော ပလက်ဖောင်းတစ်ခုဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် သတင်းမှားများကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို စတင် ခံစားနေရပြီဖြစ်ပြီး ယင်းတွင် ရွေးကောက်ပွဲရလဒ်များနှင့် ပတ်သက်၍ သံသယရှိမှုများ၊ Covid ကာကွယ်ဆေးကိုထိုးခြင်း သို့မဟုတ် အကြမ်းဖက်ဆန္ဒပြမှုများပါဝင်သည်။

ဒီမိုကရေစီဖြစ်စဉ်များနှင့် ပြည်သူလူထု၏ လုံခြုံရေးကို အကာအကွယ်ပေးရန် အစောပိုင်းကြားဝင် ဆောင်ရွက်ပေးနိုင်စွမ်းရှိပြီး၊ ပုံပျက်နေသောဇာတ်လမ်းများပျံ့နှံ့လာခြင်းကို အွန်လိုင်းမီဒီယာတွင် အနီးကပ်စောင့်ကြည့်ရန်လိုအပ်သော အစိုးရနှင့် အများပြည်သူကဏ္ဍအဖွဲ့အစည်းများမှ အသုံးပြုရန် Logically Intelligence က ပုံစံထုတ်ထားသည်။

Logically ၏ အမှုဆောင်အရာရှိချုပ် Lyric Jain က “၂၀၁၆ ခုနှစ်ကနေစပြီးတော့ မှားယွင်းတဲ့သတင်းအချက်အလက်တွေ အမြစ်တွယ်နေပြီး တဖြည်းဖြည်းကြီးထွားလာတာက တကယ့်ကမ္ဘာကြီးကို ထိခိုက်စေတဲ့အထိ ဖြစ်လာနေပါပြီ။ သတင်းအချက်အလက်မှားတွေကို ဖြန့်ဝေတာ ပိုမိုရှုပ်ထွေးလာပြီး အရှိန်အဟုန်ကောင်းလာနေပါတယ်။ ဒါကို ကိုင်တွယ်ဖို့ ကမ္ဘာအနှံ့က အစိုးရတွေရဲ့ နည်းလမ်းတွေကလဲ ရှုပ်ထွေးတဲ့တုံ့ပြန်မှုတွေ လိုအပ်လာပါတယ်။”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly