၂၀၁၅ ခုနှစ် ဥရောပတစ်နှစ်တာ ဆန်ခါတင်ကစားသမား ၄၀ စာရင်းကို UEFA ကြေညာ

၂၀၁၅ ခုနှစ် ဥရောပတစ်နှစ်တာ ဆန်ခါတင်ကစားသမား ၄၀ စာရင်းကို UEFA ကြေညာ

ဇူးရစ်၊ နိုဝင်ဘာ ၂၅ ။            ။ ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)သည် ၂၀၁၅ ခုနှစ်ဥရောပတစ်နှစ်တာ အကောင်းဆုံးအသင်းအတွက် ဆန်ခါတင် ကစားသမား ၄၀ ဦးစာရင်းကို ထုတ်ပြန်ကြေညာလိုက်သည်။

ထိုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ရာတွင် ပရီးမီးယားလိဂ်မှ ဟက်ဇက်၊ ဆန်းချက်ဇ်၊ ဂျိုးဟတ်နှင့် အဂူရိုတို့ လေးဦးသာ ပါဝင်ခဲ့ပြီး ဗြိတိန်ကစားသမားများထဲမှ ဂါရတ်ဘေးလ်နှင့် ဂျိုးဟတ်တို့နှစ်ဦးသာ ပါဝင်ခဲ့သည်။

ဆန်ခါတင်ကစားသမား ၄၀ ဦးတွင် ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားသုံးလုံးရရှိခဲ့သော ဘာစီလိုနာအသင်းမှ မက်ဆီ၊ နေမာ၊ ဆွာရက်ဇ်တို့နှင့်အတူ ကစားသမားရှစ်ဦးအထိ အများဆုံး ရွေးချယ်ခံခဲ့ရသည်။ ဘိုင်ယန်မြူးနစ်အသင်းက ၆ ဦးပါဝင်ပြီး ရီးယဲလ်အသင်းက စီရော်နယ်ဒို အပါအဝင် ၄ ဦးသာ ရွေးခံခဲ့ရသည်။

အကောင်းဆုံးအသင်းအတွက် ဆန်ခါတင်ကစားသမား ၄၀ ဦးရွေးချယ်ခဲ့ရာတွင် ဂိုးသမား လေးဦး၊ နောက်ခံလူ ၁၂ ဦး၊ ကွင်းလယ်လူ ၁၂ ဦးနှင့် တိုက်စစ်မှူး ၁၂ ဦးရွေးချယ်ထားသည်။ ပရိသတ်များ အနေဖြင့် UEFA.com တွင် ဝင်ရောက်ပြီး ကိုယ်နှစ်သက်သည့် ကစားသမားများကို မဲပေးရွေးချယ်နိုင်သည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် နောက်ဆုံး မဲပေးရွေးချယ်ရမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က ပရိသတ်ပေါင်း ၈ ဒသမ ၄ သန်းအထိ မဲပေးခဲ့ကြပြီး စီရော်နယ်ဒိုက မဲပေါင်း ၆ သိန်းကျော်ဖြင့် အများဆုံး ရရှိခဲ့သည်။

ဆန်ခါတင်ကစားသမား ၄၀ ဦး

ဂိုးသမား

ဂျိုးဟတ်(မန်စီးတီး)၊ ဘတ်ဖွန်(ဂျူဗင်တပ်စ်)၊ နျူအာ(ဘိုင်ယန်မြူးနစ်)၊ ဒန်နီဘိုကရို(ဒီနီပရို)

နောက်တန်း

အဲလ်ဗက်စ်၊ ပီကေး၊ မာရှေယာနို(ဘာစီလိုနာ)၊ အလာဘာ၊ ဘိုတန်(ဘိုင်ယန်မြူးနစ်)၊ ဒေးဗစ်လူးဝစ္စ၊ သီယာဂိုဆေးလ်ဗား(ပီအက်စ်ဂျီ)၊ ဂိုဒင်(အက်သလက်)၊ ရီကာဒိုရိုဒရီဂွက်ဇ်(ဝုဖ်ဘတ်)၊ ရာမို့စ်(ရီးယဲလ်)၊ ဘိုနုချီ၊ ချီလီနီ(ဂျူဗင်တပ်စ်)

အလယ်တန်း

ရာကီတစ်၊ အင်နီယေစတာ(ဘာစီလိုနာ)၊ ကီဗင်ဒီဘရိုင်း(မန်စီးတီး)၊ ဟက်ဇက်(ချယ်လ်ဆီး)၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်(ရီးယဲလ်)၊ ကိုနိုပလန်ကာ၊ ခရိုင်ချိုဝပ်(ဆီဗီလာ)၊ ကယ်ဟာနိုဂလူ(လီဗာကူဆင်)၊ ဗီဒယ်(ဘိုင်ယန်မြူးနစ်)၊ ပေါ့ဂ်ဘာ၊ မာချီစီယို(ဂျူဗင်တပ်စ်)၊ ဗာရက်တီ(ပီအက်စ်ဂျီ)

ရှေ့တန်း

နေမာ၊ ဆွာရက်ဇ်၊ မက်ဆီ(ဘာစီလိုနာ)၊ စီရော်နယ်ဒို၊ ဘေးလ်(ရီးယဲလ်)၊ အီဗရာဟီမိုဗစ်(ပီအက်စ်ဂျီ)၊ လီဝန်ဒေါစကီး၊ မူလာ(ဘိုင်ယန်မြူးနစ်)၊ အဂူရို(မန်စီးတီး)၊ ဂရစ်ဇ်မန်(အက်သလက်)၊ ဆန်းချက်ဇ်(အာဆင်နယ်)၊ မိုရာတာ(ဂျူဗင်တပ်စ်)

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly