အိန္ဒိယတွင် ကိုဗစ်ရောဂါကြောင့် ကျဆင်းခဲ့ရသည့် ရေနံဝယ်အား စံချိန်တင် ပြန်လည်မြင့်တက်မည်

အိန္ဒိယတွင် ကိုဗစ်ရောဂါကြောင့် ကျဆင်းခဲ့ရသည့် ရေနံဝယ်အား စံချိန်တင် ပြန်လည်မြင့်တက်မည်

တစ်ချိန်က ကမ္ဘာ့ရေနံဝယ်လိုအားတိုးတက်မှုတွင် အဓိကဖြစ်ခဲ့သည့် အိန္ဒိယနိုင်ငံအနေဖြင့် Covid-19 ကြောင့် ဖြစ်ပေါ်ခဲ့သော ဆုံးရှုံးမှုများကို နိုင်ငံက ပြန်လည်ရယူပေးနေခြင်းကြောင့် လာမည့်နှစ်တွင် လောင်စာဆီသုံးစွဲမှုပြန်လည်မြင့်တက်လာမည်ဟု မျှော်လင့်နေသည်။

အိန္ဒိယရေနံဝန်ကြီးဌာန၊ ရေနံစီမံကိန်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းဌာန၏ ခန့်မှန်းချက်အရ ၂၀၂၂ခုနှစ်၊ မတ်လမှ ၁၂ လအတွင်း ဓာတ်ဆီ၊ ဒီဇယ်နှင့် အခြားလောင်စာဆီဝယ်လိုအား တန်ချိန် ၂၁၅,၂၄ သန်းသို့ စံချိန်တင် ရောက်ရှိပါလိမ့်မည်ဖြစ်သည်။ ယင်းသည် ဗိုင်းရပ်စ်ကြောင့် အပြင်းအထန်ထိခိုက်ခဲ့ရသော ရေနံဈေးကွက်သည် ယခုနှစ်တွင် ၁၀ ရာခိုင်နှုန်း နီးပါးပြန်ခုန်တက်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ကမ္ဘာပေါ်တွင် ကိုဗစ် ၁၉ ကြောင့် အကြီးမားဆုံး ရပ်ဆိုင်းမှု ဖြစ်ပေါ်ပြီးနောက် အိန္ဒိယ၏ လောင်စာဆီသုံးစွဲမှု ၇၀% အထိ ကျဆင်းသွားခဲ့သလို ရေနံစိမ်းထုတ်လုပ်မှုနှင့် တင်သွင်းမှုကို သိသိသာသာ လျှော့ချစေခဲ့ပြီး နိုင်ငံတကာရေနံဈေးနှုန်းများကို ကျဆင်းစေခဲ့သည်။ မတ် ၄ ရက်တွင် ရေနံတင်ပို့သည့် နိုင်ငံများအဖွဲ့နှင့် မဟာမိတ်နိုင်ငံများက ရေနံစိမ်းမည်မျှ တင်ပို့ရမည်ကို ဆွေးနွေးကြလိမ့်မည်ဖြစ်ပြီး၊ အိန္ဒိယက ရေနံများများထုတ်လုပ်ရန် ၎င်းတို့ကို တိုက်တွန်းအားပေးနေသည်။

လာမည့်နှစ်တွင် ပြန်လည်မြင့်တက်လာရန် သယ်ယူပို့ဆောင်ရေးနှင့် စက်မှုလောင်စာဆီများ ဝယ်ယူမှုခိုင်မာအားကောင်းလာမည်ဟု ရေနံတင်သွင်းမှုနှင့် သုံးစွဲမှု ကမ္ဘာ့နံပါတ် (၃) အဆင့်ရှိသည့် အိန္ဒိယက မျှော်လင့်နေသည်။ စီးပွားရေးဆိုင်ရာ ပြဒါးတိုင်နှင့် နိုင်ငံ၏အသုံးအများဆုံး လောင်စာဆီဖြစ်သော ဒီဇယ်ဆီသုံးစွဲမှုနှင့် ဓာတ်ဆီဝယ်လိုအားမှာ ၁၃% ကျော် ပိုများလာလိမ့်မည်ဖြစ်သည်။ မတ်လတွင် အဆုံးသတ်မည့် လက်ရှိဘဏ္ဍာရေးနှစ်တွင်လောင်စာဆီအလုံးစုံသုံးစွဲမှုမှာ ၈.၅% ထိ ကျဆင်းမည်ဖြစ်သည်။

အိန္ဒိယစီးပွားရေးသည် နောက်ဆုံးသုံးလပတ်တွင် အစိုးရအသုံးစရိတ်နှင့် ပြည်တွင်းစားသုံးမှုမောင်းနှင်သည့် စီးပွားရေးကို ပြန်လည်ဖွင့်လှစ်မှုကြောင့် စီးပွားရေးကျဆင်းမှုအတွင်းမှ လွတ်မြောက်လာခဲ့ပြီဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်နောက်ဆုံးသုံးလအတွင်း စီးပွားရေးတိုးတက်မှုဖော်ဆောင်နိုင်ခဲ့သည့် အဓိကနိုင်ငံအနည်းငယ်များထဲမှ တစ်ခုဖြစ်သည်။

ဘတ်စ်ကားများ၊ ရထားများနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေး၏အခြားနည်းလမ်းများအစား ကိုယ်ပိုင်ကားများ အသုံးပြုလာခြင်းကြောင့် ဓာတ်ဆီဝယ်လိုအား တိုးတက်လာမည်ဟု မျှော်လင့်နိုင်သည်။

အကြီးမားဆုံး ထိုးနှက်မှုဒဏ်ခံခဲ့ရသော လေကြောင်းလောင်စာဆီဝယ်လိုအားမှာ ၂၀၂၁ မှ ၂၀၂၂ ခုနှစ်အတွင်း ၇၄ ရာခိုင်နှုန်း ကျော်တိုးတက်မည်ဟု ခန့်မှန်းထားသော်လည်း ကိုဗစ်ကူးစက်ရောဂါမတိုင်မီကထက် အနည်းငယ်နိမ့်ကျမည်ဟုPPAC ၏စီမံချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly