တရုတ်၏ အထင်ကရ အီလက်ထရောနစ်ငွေကြေးလွဲပြောင်းခြင်း မှတ်တမ်းဌာနက ဒီဂျစ်တယ် ငွေကြေးလုပ်ငန်းကို ရပ်ဆိုင်း

တရုတ်၏ အထင်ကရ အီလက်ထရောနစ်ငွေကြေးလွဲပြောင်းခြင်း မှတ်တမ်းဌာနက ဒီဂျစ်တယ် ငွေကြေးလုပ်ငန်းကို ရပ်ဆိုင်း

ကွမ်ကျိူး(တရုတ်)

တရုတ်နိုင်ငံ မွန်ဂိုလီးယားကုန်းတွင်းပိုင်းဒေသအနေဖြင့် အီလက်ထရောနစ်ငွေကြေးလွှဲပြောင်းသည့် မှတ်တမ်းစနစ် စီမံကိန်းကို ရပ်တန့်ရန်နှင့် စွမ်းအင်လိုအပ်မှု လျှော့ချရန် လက်ရှိ လုပ်ငန်းစဉ်များ အဆုံးသတ်ရန် ပြင်ဆင်ထားသည်။

အီလက်ထရောနစ် ငွေကြေးစနစ် (Bitcoin) သည် သာမန်ဗဟိုဘဏ်များကဲ့သို့ အဖွဲ့အစည်းတစ်ခုခုက ထုတ်ပေးရခြင်းမဟုတ်ဘဲ ဗဟိုထိန်းချုပ်မှုမပါသည့် ကွန်ရက်စနစ်ပေါ်တွင် အခြေခံထားသည်။ ငွေကြေးလွှဲပြောင်းခြင်းများကို Blockchain ဟု ခေါ်သည့် အများသုံး လယ်ဂျာစနစ်ဖြင့် သက်ဆိုင်ရာ လုပ်ငန်းအသီးသီးမှ မှတ်တမ်းတင်ထားရန် လိုအပ်သည်။

ယင်းလုပ်ငန်းများက ရှုပ်ထွေးသည့် သင်္ချာကိန်းဂဏန်းများကို ထိရောက်စွာ ဖြေရှင်းနိုင်မည့် ကွန်ပြူတာများကို တပ်ဆင်ထားသည်။ ယင်းကွန်ပြူတာများသည် အားကောင်းရပြီး စွမ်းအင်အများအပြားလည်း လိုအပ်သည်။

အီလက်ထရောနစ် ငွေကြေးမှတ်တမ်းလုပ်ငန်းတွင် ၁နှစ် စွမ်းအင် လိုအပ်ချက်ပမာဏမှာ ၁၂၈.၈၄ terrawatt-hour ဖြစ်ပြီး ယူကရိန်းနျင့် အာဂျင်တီးနား နိုင်ငံတို့၏ စွမ်းအပ်လိုအပ်ချက်ထက် ပိုမိုကြောင်း ကိန်းဘရစ်တက္ကသိုလ်၏ Cambridge Bitcoin Electricity Consumption Index တွင် ဖော်ပြထားသည်။

ကမ္ဘာ့အီလက်ထရောနစ် ငွေကြေးနစ်တွင် တရုတ်နိုင်ငံက ၆၅ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး စွမ်းအင် ဈေးနှုန်းချိုသာခြင်းကြောင့် မွန်ဂိုလီးယား ကုန်းတွင်းပိုင်း ဒေသတွင် ၈ရာခိုင်နှုန်းခန့်ရှိသည်။ အမေရိကန်၏ အီလက်ထရောစနစ် ငွေကြေးလွှဲပြောင်းစနစ်တွင် ပါဝင်မှုမှာ ၇ ဒသမ၂ ရာခိုင်နှုန်းရှိသည်။

တရုတ်နိုင်ငံ မြောက်ပိုင်းရှိ မွန်ဂိုကုန်းတွင်းပိုင်းဒေသသည် ၂၀၁၉ ခုနှစ်တွင် စွမ်းအင်နှင့် ပတ်သက်၍ ဗဟိုအစိုးရ၏ သတ်မှတ်ချက်ကို မရရှိသောကြောင့် အစိုးရ၏ ပြစ်တင်မှုကို ကြုံတွေ့ရသဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် ပြုပြင်ရေး ကော်မရှင်သည် စွမ်းအင်လိုအပ်ချက် လျှော့ချရေး အစီအစဉ်များကို ချမှတ်လိုက်သည်။

ယင်းအစီအစဉ်များတွင် လက်ရှိ အွန်လိုင်းငွေကြေးမှတ်တမ်းစီမံကိန်းများကို ၂၀၂၁ ခုနှစ်၊ ဧပြီလမတိုင်မီ ရပ်ဆိုင်းရန်နှင့် လုပ်ငန်းသစ်များကို ခွင့်မပြုရန် ပါဝင်သည်။ သံမဏိနှင့် ကျောက်မီးသွေး တူးဖော်ရေးကဲ့သို့ စွမ်းအင်ပမာဏများစွာ လိုအပ်သည့် လုပ်ငန်းများကို ပြန်လည်သုံးသပ်ရန်လည်း ပါဝင်မည်ဖြစ်သည်။

တရုတ်အစိုးရအနေဖြင့် Blockchain နည်းပညာသုံး အီလက်ထရောနစ် ငွေကြေးမှတ်တမ်းစနစ်ကို ထောက်ခံသော်လည်း ၎င်းတို့ကိုယ်တိုင်က ဒီဂျစ်တယ် ငွေကြေးများကို နှိမ်နှင်းမှုများ လုပ်ဆောင်နေသည်။ ၂၀၁၇ ခုနှစ်တွင် တရုတ်အစိုးရက ဒီဂျစ်တယ် ငွေကြေးလုပ်ငန်းတွင် ပါဝင်သည့် ငွေလဲလှယ်မှုများကဲ့သို့ စီးပွားရေး လုပ်ငန်းများကို နှိမ်နှင်းခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင်ပိုမို လိုက်ဖက်ရန် တွန်းအားပေး လုပ်ဆောင်နေပြီး ၂၀၃၀ ခုနှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု အမြင့်ဆုံး ရည်မှန်းချက်နှင့် ၂၀၆၀ ပြည့်နှစ်မတိုင်မီ ကာဗွန်ပုံမှန်အခြေအနေသို့ လျော့ကျအောင် လုပ်ဆာင်ရန် ရည်မှန်းထားကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ယမန်နှစ်က ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required