ချန်ပီယံလိဂ်အုပ်စုအဆင့်ကိုကျော်နိုင်မည်ဟု အာစင်ဝင်းဂါးယုံကြည်နေ

ချန်ပီယံလိဂ်အုပ်စုအဆင့်ကိုကျော်နိုင်မည်ဟု အာစင်ဝင်းဂါးယုံကြည်နေ

နိုဝင်ဘာ ၂၅၊ လန်ဒန် ။            ။ ချန်ပီယံအုပ်စုအဆင့်မှကျော်လွန်နိုင်ရေးအတွက် နောက်ဆုံးပွဲတွင် အိုလံပီယာကို့စ်ကို မဖြစ်အနေအနိုင်ကစားရန်လိုနေသည့် အာဆင်နယ် အသင်းအနေဖြင့် ၁၆ သင်းအဆင့်သို့တက်နိုင်မည်ဟု နည်းပြအာစင်ဝင်းဂါးက ယုံကြည်မှုအပြည့်ရှိနေသည်။

အင်္ဂါနေ့တွင် အာဆင်နယ်က ဒိုင်နမိုဇာဂရက်ကို ၃-၀ ဂိုး၊ ဘိုင်ယန်မြူးနစ်က အိုလံပီယာကို့စ်ကို ၄-၀ ဂိုးဖြင့်နိုင်လိုက်သဖြင့် အုပ်စုနောက်ဆုံးပွဲ၌ အာဆင်နယ်အသင်း နှစ်ဂိုးပြတ်နှင့်အထက်အနိုင်ရလျှင် ရှုံးထွက်အဆင့်သို့တက်နိုင်မည်ဖြစ်သည်။

"ဒီပွဲအပြီးမှာလိုချင်တဲ့ အခွင့်ရေးကိုဖန်တီးနိုင်ခဲ့တယ်။ ကျွန်တော်တို့အခုထိမလုပ်နိုင်တာမရှိသေးဘူးဆိုတာကို ထပ်ပြကြစို့"ဟု အာစင်ဝင်းဂါး ကပြောသည်။ အာဆင်နယ်အသင်းမှာ အိမ်ကွင်းတွင် အိုလံပီယာကို့စ်ကို ၃-၂ ဂိုး၊ အဝေးကွင်းတွင် ဒိုင်နမိုဇာဂရက်နှင့် ဘိုင်ယန်မြူးနစ်တို့ကို ရှုံးနိမ့်ခဲ့သော ကြောင့် အုပ်စုတက်ရန်ရုန်းကန်နေရခြင်းဖြစ်သည်။

"ကျွန်တော်တို့ရော ဘိုင်ယန်မြူးနစ်အသင်းပါ ကိုယ့်အလုပ်ကို ကောင်းကောင်းလုပ်ခဲ့ကြတယ်။ အခုကျွန်တော်တို့ အခွင့်ရေးရလာပြီ။ ဘယ်လောက်ကြီးတဲ့အခွင့်ရေးလဲတော့ မသိပေမယ့် ကျွန်တော်တို့လုပ်နိုင်မယ် ယုံကြည်တယ်"ဟု အာစင်ဝင်းဂါးက ပြောသည်။

အာဆင်နယ်အသင်းသည် အိုလံပီယာကို့စ်နှင့် တွေ့ဆုံသည့် ချန်ပီယံလိဂ်အဝေးကွင်းနောက်ဆုံးသုံးပွဲလုံး ရှုံးထားသော်လည်း အဆုံးအဖြတ် ဖြစ်လာသည့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲအားလုံးကို အနိုင်ကစားထားသည့် ရလဒ်ကောင်းကိုမူ ပိုင်ဆိုင်ထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly