အမေရိကန်နာမည်ကျော် အမှတ်တံဆိပ်များက ရှင်ကျန်းမှ ဝါဂွမ်းတင်သွင်းမှု ပယ်ဖျက်ခြင်းကြောင့် တရုတ်စီးပွားရေး ထိခိုက်

အမေရိကန်နာမည်ကျော် အမှတ်တံဆိပ်များက ရှင်ကျန်းမှ ဝါဂွမ်းတင်သွင်းမှု ပယ်ဖျက်ခြင်းကြောင့် တရုတ်စီးပွားရေး ထိခိုက်

ဝီဂါများအား လူမဆန်သောဆက်ဆံမှုပြုလုပ်ခဲ့သည့် ရှင်ကျန်းမှ သိုးမွှေးချည်ထုတ်လုပ်သူများအား အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားခြင်းကြောင့် တရုတ်စီးပွားရေးသည် သိသာစွာ ကျဆင်းလျှက်ရှိကြောင်း သတင်းများတွင် ဖော်ပြသည်။

ပြီးခဲ့သည့်လက တရုတ်သိုးမွှေးချည်ထုတ်လုပ်သူ Huafu Fashion က ရင်းနှီးမြုပ်နှံသူများကို သတိပေးခဲ့ရာတွင် “အမေရိကန်အမှတ်တံဆိပ်အမြောက်အမြားက အမှာစာများ ဖျက်သိမ်းလိုက်ပြီ”ဟု Huafu ကအမေရိကန်၏ ပိတ်ဆို့မှုများအကြောင်း ကိုးကားလျက် ရှန်ကျန်းစတော့အိတ်ချိန်းအား တင်ပြချက်တွင် ပြောကြားခဲ့သည်။

Huafu သည် ပြီးခဲ့သည့်နှစ်က အနည်းဆုံးအမေရိကန်ဒေါ်လာ ၅၄.၃ သန်းဆုံးရှုံးခဲ့ပြီး၊ ၂၀၁၉ခုနှစ်တွင်လည်း အမေရိကန်ဒေါ်လာ ၆၂.၅ သန်း အသားတင်အမြတ်ငွေ ဆုံးရှုံးခဲ့ရသည်ဟု ပြောကြားခဲ့ခြင်းသည် ပိတ်ဆို့အရေးယူမှု၏ အကျိုးသက်ရောက်မှုများကို လူသိရှင်ကြား အသိအမှတ်ပြုပြောကြားသည့် အနည်းငယ်သော ပစ္စည်းပေးသွင်းသူများထဲမှ တစ်ဦးဖြစ်သည်။

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်းဒေသရှိ မွတ်စလင်ဝီဂါများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကမ္ဘာ့သိုးမွှေးချည်တင်သွင်းမှု၏ ၅ပုံ ၁ပုံရှိသော တရုတ်သိုးမွှေးချည်လုပ်ငန်းများ၏ ၈၇ ရာခိုင်နှုန်းကို အမည်ပျက်စာရင်း အမေရိကန်က သွင်းလိုက်ရာ ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီထောင်ပေါင်းများစွာကို သက်ရောက်မှုရှိခဲ့သည်။

ဝီဂါများကို တရုတ်အစိုးရက ပြင်းပြင်းထန်ထန်ပြန်လည် ပညာပေးရေးလှုပ်ရှားမှုကြောင့် အမေရိကန်၏အရေးယူပိတ်ဆို့မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မကြာသေးမီနှစ်များက ရှင်ကျန်းရှိ စခန်းများတွင် ထိန်းသိမ်းခံထားရသော ဝီဂါအချို့က ၎င်းတို့အား နှိပ်စက်ညှင်းပန်းခြင်း၊ အထည်ချုပ်စက်ရုံများတွင် အတင်းအဓမ္မစေခိုင်းများရှိခဲ့သည်ဆိုသည်။

ပြီးခဲ့သည့်နှစ်ကအမေရိကန်သည်Huafuအပါအဝင် ရှင်ကျန်း အထည်အလိပ်ထုတ်လုပ်သူများ အတွက် သီးခြားပိတ်ဆို့ အရေးယူမှုများကို စတင်ခဲ့သည်။ ဇန်နဝါရီလ၁၃ရက်နေ့တွင် အမေရိကန်အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး (CBP) သည် ရှင်ကျန်း ဝါများအားလုံးကို ပိတ်ပင်ကြောင်းကြေညာခဲ့သည်။ "ကုန်သွယ်ရေးအသိုင်းအဝိုင်းအတွက် CBP ရဲ့သတင်းစကားက ရှင်းပါတယ်။ မင်းရဲ့ထောက်ပံ့ရေး ကွင်းဆက်တွေကို သိအောင်လုပ်ပါ။"

ရှင်ကျန်းမှ ချည်ထည်တင်သွင်းနေသည့် ဘင်္ဂလားဒေ့ရှ်မှ ဗီယက်နမ်အထိ အာရှတစ်လွှားမှ ညှပ်၊ ချုပ်အထည်ချုပ်လုပ်ငန်းများအပေါ် သက်ရောက်မှုရှိသည်ဟု အထည်အလိပ်လုပ်ငန်းမှ အမှုဆောင်အရာရှိများက ပြောကြားသည်။ အမေရိကန်၏တားမြစ်ချက်သည် ရှင်ကျန်းမှ ဝါများဖြင့်ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ ထုတ်လုပ်မှုထုတ်ကုန်အားလုံးနှင့်သက်ဆိုင်သည်ဟု CBP က ဆိုသည်။

ထိုင်ဝမ်အထည်အလိပ်အဖွဲ့၏ ဥက္ကဋ္ဌJustin Huang က ထိုင်ဝမ်အထည်အလိပ်ထုတ်လုပ်သူများက သူတို့၏ ဝါအရင်းအမြစ်များကို အတည်ပြုရန် အနောက်နိုင်ငံ၏ တန်ဖိုးကြီး ကုန်ပစ္စည်း ထုတ်လုပ်သူများထံမှ စက်တင်ဘာလတွင် အကြောင်းကြားစာများ လက်ခံရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ ဘယ်ဒေသက ဝါဖြစ်သည်ဆိုသည်ကို အတည်ပြုဖို့ အခက်တွေ့နေခြင်းကြောင့် ယင်းကုန်အမှတ်တံဆိပ်များက တရုတ်ဝါကို မလိုချင်တော့ကြောင်း သူက ဆိုသည်။

“အမေရိကန်ထုတ်လုပ်သူတွေဟာ အရမ်းကို အကဲဆတ်ပါတယ်၊ ဒါကြောင့် မကြေညာခင်ကတည်းက အမေရိကန်ကုန်သည်တွေက သူတို့ရဲ့ထုတ်လုပ်မှု လိုင်းကြောင်းတွေကို ပြောင်းလိုက်ကြပြီ”ဟု သူက ဆိုသည်။

Old Navy နှင့်Banana Republic ကုန်အမှတ်တံဆိပ်များ ထုတ်လုပ်နေသည့် Gap က တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ရှင်ကျန်းမှ ကုန်ပစ္စည်းများ၊ အစိတ်အပိုင်းများနှင့် ထုတ်ကုန်အရင်းအမြစ်များမှ ပစ္စည်းပေးသွင်းသူများကို တားမြစ်ထားကြောင်း ပြောကြားခဲ့သည်။

Ikea မှ ပြောကြားသည်မှာ CBP ပိတ်ပင်ထားမှုအပြီးတွင် ရှင်ကျန်း ဝါဂွမ်းများ အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းမှုအားလုံးကို ရပ်တန့်လိုက်ကြောင်းနှင့် ယင်းဒေသမှ ဝါရောင်းဝယ်ခွင့်လိုင်စင်ရယူများနှင့် အဆက်သွယ်ဖြတ်ရန် ပြီးခဲ့သည့်နှစ်က ပိုမိုကောင်းမွန်သော ဝါကနဦးအစပြုချက် ဆုံးဖြတ်ချက်ကြောင့် Ikea နှင့်H&M နှစ်ဦးစလုံးက ယင်းတို့၏ပစ္စည်းပေးသွင်းသူများသည် ရှင်ကျန်းမှ အသစ်သော ဝါဝယ်ယူခြင်းများကို ရပ်ဆိုင်းထားသည်ဟု ပြောကြားခဲ့သည်။

Nike ကလည်း ယင်း၏ကုန်ပစ္စည်းပေးသွင်းသူများသည် ရှင်ကျန်းမှ အထည်အလိပ်များ သို့မဟုတ် သိုးမွှေးချည်များကို အသုံးမပြုကြောင်းကို အတည်ပြုခိုင်းပြီးဖြစ်ကြောင်းနှင့် ၎င်းတို့အား လိုအပ်ချက်အသစ်များကို ပြောကြားထားပြီးဖြစ်ကြောင်း ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly