အိန္ဒိယနှင့် ပါကစ္စတန်တို့က အပစ်အခတ်ရပ်စဲရန် သဘောတူ

By NHK World
01 March 2021
အိန္ဒိယနှင့် ပါကစ္စတန်တို့က အပစ်အခတ်ရပ်စဲရန် သဘောတူ
Photo: EPA

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် Jammu နှင့် Kashmir နယ်မြေရှိ အငြင်းပွားနေသော နယ်စပ်တစ်လျှောက် အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့် လေ့လာရန် သဘောတူညီခဲ့ကြသည်။

ဗုဒ္ဓဟူးနေ့ သန်းခေါင်အချိန်တွင် စတင်လိုက်သည့် သဘောတူညီမှုနှင့်အညီ အပြန်အလှန် အကျိုးရှိပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရရှိနိုင်ရန် နှစ်ဖက်စလုံးက ရည်ရွယ်သည်။

ပူးတွဲကြေညာချက်တွင် နှစ်နိုင်ငံစလုံးမှ တပ်မှူးများသည် လက်ရှိအသုံးပြုနေသော အရေးပေါ် တိုက်ရိုက်ဆက်သွယ်နိုင်သည့် သီးသန့်တယ်လီဖုန်းလိုင်းကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ သူတို့သည် နယ်စပ်ထိန်းချုပ်မျဉ်း အခြေအနေကိုလည်း ပြန်လည်သုံးသပ်ခဲ့သည်။ ငြိမ်းချမ်းရေးကို အနှောက်အယှက်ဖြစ်စေသည့် အလေးထားရမည်ဖြစ်သော အဓိက ပြဿနာကို နှစ်ဖက်စလုံးက ဆင်ခြင်သုံးသပ်ရန် သဘောတူညီခဲ့ကြသည်။

၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ကက်ရှ်မီးယားရှိ မြို့တစ်မြို့တွင် ပါကစ္စတန်အခြေစိုက်အဖွဲ့သည် လူသေစေနိုင်သော (အပြင်းအထန်တိုက်ခိုက်မှု) တိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့သည်ဟု အိန္ဒိယက စွပ်စွဲခဲ့ရာမှ နှစ်နိုင်ငံဆက်ဆံရေးသည် အနိမ့်ဆုံးအဆင့်သို့ရောက်ရှိပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် လုံးဝရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့သည်။

နှစ်နိုင်ငံစလုံးသည် ၂၀၀၃ ခုနှစ် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို မကြာခဏ ချိုးဖောက်ခဲ့ကြသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးကမူ အမေရိကန်သည် ပူးတွဲကြေညာချက်ကို ကြိုဆိုသည်ဟု ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Ned Price က “နှစ်နိုင်ငံအကြား ဆက်သွယ်မှုတိုးတက်စေရန်နှင့် နယ်စပ်ထိန်းချုပ်မျဉ်းတွင် ဖြစ်ပွားနေသော တင်းမာမှုတွေနှင့် အကြမ်းဖက်မှုတွေကို လျော့နည်းစေရန်အတွက် ကြိုးပမ်းမှုများကိုလည်း ကျွန်ုပ်တို့ ဆက်လက်အားပေးပါမယ်” ဟု ပြောကြားခဲ့ပါသည်။

အမေရိကန်အနေဖြင့် အိန္ဒိယ - ပါကစ္စတန် တွေ့ဆုံဆွေးနွေးမှုကို ဆက်လက်ပံ့ပိုးသွားမည်ဟု သူက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required