ရေငုပ်လွှာအောက် အဝေးဆုံး ရေကူးသူအဖြစ် ချက်နိုင်ငံက အလွတ်တန်းရေငုပ်သမား ကမ္ဘာ့စံချိန် ချိုး 

ရေငုပ်လွှာအောက် အဝေးဆုံး ရေကူးသူအဖြစ် ချက်နိုင်ငံက အလွတ်တန်းရေငုပ်သမား ကမ္ဘာ့စံချိန် ချိုး 

ချက်သမ္မတနိုင်ငံက အလွတ်တန်းရေငုပ်သမား ဒေးဗစ်ဗိုင်းဟာ တစ်ကြိမ်တည်း အသက်ရှုသွင်းပြီး ရေခဲလွှာအောက် အဝေးဆုံး ရေကူးနိုင်သူအဖြစ် ကမ္ဘာ့စံချိန် ချိုးလိုက်ပါတယ်။

ဒေးဗစ်ဗိုင်းဟာ ရာဘာရေကူးဝတ်စုံ၊ ခေါင်းဆောင်းနဲ့ ဟန်ချက်ထိန်းကိရိယာတွေမပါဘဲ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ရေခဲလွှာအောက်ကနေ မီတာ ၈၀ အကွာအဝေးအထိ ရေကူးခဲ့တာ ဖြစ်ပါတယ်။

အရင် စံချိန်တင်ထားသူဟာ ဒိန်းမတ်နိုင်ငံက စတိချ်စီဗာရင်ဆန်ဆိုသူဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်းက ရေခဲလွှာအောက် ၇၆ ဒသမ ၂ မီတာအထိ ရေကူးခဲ့တာ ဖြစ်ပါတယ်။

အခု ဒေးဗစ်ဗိုင်းဟာ ၁ မိနစ်နဲ့ ၃၅ စက္ကန့်အတွင်းမှာ ရေခဲလွှာအောက် မီတာ ၈၀ အထိ ရောက်အောင် ရေးကူးခဲ့တာပဲ ဖြစ်ပါတယ်။ ဒေးဗစ်ဗိုင်း တင်ထားတဲ့ အခု စံချိန်ကိုတော့ ဂင်းနစ်ကမ္ဘာမှတ်တမ်း တင်ခံရအောင် Pure Apnea အဖွဲ့အစည်းက တရားဝင် အတည်မပြုရသေးပါဘူး။

ဒေးဗစ်ဗိုင်းအနေနဲ့ ခုလို စံချိန်ချိုးဖို့ကို မူလက ဩစတြေးလျ Weissensee ရေကန်မှာ ရေကူးဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်ကြောင့် တားမြစ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီအတွက် သူဟာ ချက်နိုင်ငံ တီပလစ်မြို့နားက ရေခဲလွှာအောက်မှာ ရေကူးခဲ့တာပဲ ဖြစ်ပါတယ်။ ဂင်းနစ်မှတ်တမ်းဝင်အောင်အတွက် အနည်းဆုံး ထု ၃၀ မီတာ အထူ ရှိတဲ့ ရေခဲလွှာအောက်မှာ ရေကူးခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒေးဗစ်ဗိုင်းအနေနဲ့ အနုတ် ၃ ဒီဂရီကနေ ၄ ဒီဂရီ ဆဲလ်စီးရပ်စ်ကြားရှိတဲ့ ရေခဲလွှာအောက်က ရေထဲမှာ အဝေးဆုံး ကူးပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly