ဆီးရီးယားနယ်စပ်တွင် ရုရှစစ်လေယာဉ်ကို တူရကီ ပစ်ချ

ဆီးရီးယားနယ်စပ်တွင် ရုရှစစ်လေယာဉ်ကို တူရကီ ပစ်ချ

ဆီးရီးယားနယ်စပ်တွင် ရုရှစစ်လေယာဉ်တစ်စင်းကို တူရကီစစ်တပ်က ပစ်ချလိုက်သည်။

Su-24 လေယာဉ်ကို မြေပြင်မှ လှမ်းပစ်သဖြင့် ဆီးရီးယားပိုင်နက်အတွင်သို့ ထိုးစိုက်ပျက်ကျခဲ့ကြောင်း၊ လေယာဉ်မှူးဖြစ်သူက လေထီးဖြင့် ခုန်ချလွတ်မြောက်ကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

သို့သော် တူရကီစစ်တပ်က ရုရှစစ်လေယာဉ်သည် တူရကီဝေဟင်ပိုင်နက်အတွင်း ကျုးနင်းလာခြင်းကြောင့် လေယာဉ်မှူးဖြစ်သူကို အကြိမ်ကြိမ်လှမ်းသတိပေးခဲ့ကြောင်း၊ နောက်တွင် တူရကီ F-16 လေယာဉ်က ယင်းရုရှလေယာဉ်ကို ပစ်ချလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

လာတာကီယာပြည်နယ်အတွင်း တောင်များကြား ယင်းစစ်လေယာဉ် ပျက်ကျသည်ကို ဗီဒီယိုများတွင်လည်း တွေ့ရသည်။

ဆီးရီးယားသမ္မတဘာရှာအာဆတ်ကို ဆန့်ကျင်သည့် သူပုန်အုပ်စုများကို ရုရှက လေကြောင်းထိုးစစ်များ စက်တင်ဘာနှောင်ပိုင်းမှစကာ ဆင်နွှဲလာခဲ့ခြင်းဖြစ်သည်။

ရုရှစစ်လေယာဉ် Su-24 ဆီးရီးယားပိုင်နက်အတွင်း ပျက်ကျခဲ့ပြီး မြေပြင်နှင့် ထိရိုက်ပျက်စီးခြင်းကို ရုရှကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၄ ရက်တွင် အတည်ပြုချက်ပေးသည်။

"လေယာဉ်မှူးဖြစ်သူ ယာဉ်ပေါ်မှာ ဘာတွေ ကြုံတွေ့နေရသလဲဆိုတာကို စုံစမ်းသွားမှာဖြစ်ပါတယ်။ ကနဦးသတင်းတွေအရတော့ လေယာဉ်မှူးက ကိုယ်ဘာသာ လွတ်မြောက်အောင် လုပ်နိုင်ခဲ့တယ်ဆိုတာတော့ သိရပါတယ်။"ဟု ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားလျက် Interfax သတင်းက ဖော်ပြသည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required