အိမ်လုပ်နာရီကို ဗုံးဖြင့်မှားယွင်းဖမ်းဆီးခံခဲ့ရသည့် အမေရိကန်မွတ်စလင် ဆယ်ကျော်သက်က ကျောင်းနှင့်မြို့ထံမှ နစ်နာကြေး ၁၅ သန်းတောင်း

အိမ်လုပ်နာရီကို ဗုံးဖြင့်မှားယွင်းဖမ်းဆီးခံခဲ့ရသည့် အမေရိကန်မွတ်စလင် ဆယ်ကျော်သက်က ကျောင်းနှင့်မြို့ထံမှ နစ်နာကြေး ၁၅ သန်းတောင်း

ချီကာဂို၊ နိုဝင်ဘာ - ၂၄ ။         ။ ကျောင်းဆရာတစ်ယောက်က အိမ်လုပ်နာရီကို ဗုံးဖြင့်မှားယွင်းပြီး ဖမ်းဆီးခံခဲ့ရသည့် မွတ်စလင်ဆယ်ကျော်သက်လူငယ်က သူ၏ ကျောင်းနှင့် မြို့ အာဝင်၊ တက္ကဆက်ထံမှ နစ်နာကြေး ဒေါ်လာ ၁၅သန်း ရလိုမှုဖြင့် တရားစွဲရန် ခြိမ်းခြောက်ထားသည်ဟု အဆိုပါ လူငယ်၏ ရှေ့နေက ပြောကြားခဲ့သည်။

အာမတ် မိုဟာမတ် (၁၄နှစ်)မှာ စက်တင်ဘာလက အမေရိကန် အာကာသအေဂျင်စီ NASA အမှတ်တံဆိပ်ပါ တီရှပ်ကို ဝတ်ဆင်လျှက် လက်ထိပ်ခတ်လျှက်သားနှင့် မတ်တပ်ရပ်နေသည့် နာရီတီထွင်သူူ သူ့ပုံကို အစ်မဖြစ်သူက လူမှုကွန်ရက် Twitterတွင် လွှင့်တင်လိုက်သည့်အခါတွင် နေ့ချင်းညချင်း ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့သည်။

လူထုထောက်ခံမှုထဲတွင် သမ္မတ ဘားရက် အိုဘားမားလည်း ပါဝင်လာပြီး ဆယ်ကျော်သက်လူငယ်၏ ကျွမ်းကျင်မှုကို ဂုဏ်ပြုသည့်အပြင် အိမ်ဖြူတော်သို့ နာရီယူလာရန် ဖိတ်ခေါ်လိုက်သည့်အခါတွင်မူ အစ္စလာမ်အကြောက်စွဲကြီးနေသည်ဟူသော စွပ်စွဲမှုများကြားတွင် ကျောင်းနှင့် ရဲအရာရှိများအတွက် ပြင်းထန်စူးရှသော ထိုးနှက်ချက်ဟု အများက ယူဆနေကြသည်။

ဖေ့စ်ဘုန်၊ ဂူဂဲနှင့် ကုလသမဂ္ဂတို့ထံမှ ဖိတ်ခေါ်မှုများ လှိမ့်ဝင်လာခဲ့ပြိး နောက်ပိုင်းတွင် မိုဟာမက်က မက္ကာ၊ နယူးယောက်၊ ဆူဒန်နှင့် ကာတာသို့ အလည်အပတ်သွားသည့် ပုံများကို တင်လာခဲ့သည်။

ဒါးလက်ဆင်ခြေဖုံးရပ်တွင် နေထိုင်ခဲ့သည့် ဆူဒန်ရွှေ့ပြောင်းအခြေချများ၏ သားဖြစ်သည့်အပြင် စက်ရုပ်ဝါသနာအိုးလည်းဖြစ်သော အာမတ် မိုဟာမတ်က မက်အာသာ အထက်တန်းကျောင်းမှကျောင်း ဆရာအသစ်တစ်ယောက်ကို ကြွားဝါရန်အတွက် အိမ်လုပ်နာရီတစ်လုံးကို ယူဆောင်လာခဲ့ရာ ဆရာက အထင်ကြီးမည့်အစား လူများကို ဗုံးဖြင့်ခြိမ်းခြောက်ရန် ကြိုးစားသည်ဟု စွပ်စွဲကာ ကျောင်းမှ လက်ထိပ်ခတ်လျှက် အစောင့်ဖြင့် ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

အာမတ်၏ ရှေ့နေကမူ ကျောင်း၊ ရဲတပ်ဖွဲ့နှင့် မြို့အာဏာပိုင်များမှာ မှားယွင်းစွာ စွပ်စွဲဖမ်းဆီးထိန်းသိမ်းပြီး မီဒီယာများ ဝိုင်းလာသည့်အခါတွင်လည်း သေးသိမ်အောင် လုပ်ပစ်ခြင်းဖြင့် အာမတ်၏ အခွင့်အရေးများကို ချိုးဖောက်ခဲ့ကြသည်ဟု ပြောကြားသည်။ လူမျိုး၊ နိုင်ငံဇစ်မြစ်နဲ့ ဘာသာတရားကြောင့် အာမတ်ကိုမှ ရွေးပြီးလုပ်တာပါဟုလည်း ရှေ့နေ ကယ်လီ ဟိုးလင်းစဝါ့က ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly