စစ်အာဏာသိမ်းတာကို ဆန်ကျင်သည့်အနေနဲ့ “သံပုံး”တီးဆန္ဒပြ

02 February 2021
စစ်အာဏာသိမ်းတာကို ဆန်ကျင်သည့်အနေနဲ့ “သံပုံး”တီးဆန္ဒပြ

စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မြို့နေပြည်သူတချို့ သူတို့နေအိမ်တွေထဲကနေ ဖေဖော်ဝါရီ ၂ ရက်နေ့ ည ၈ နာရီမှာ “သံပုံး” တီးပြီးဆန္ဒပြခဲ့ကြပါတယ်။
အခုဖော်ပြခဲ့တဲ့မြို့နယ်တွေဟာ တောင်ဉက္ကာလာပ၊ စမ်းချောင်း၊ ပန်းဆိုးတန်းနဲ့ တာမွေမြို့နယ်တွေကဖြစ်ပြီးတော့ ကျန်မြို့နယ်တွေမှာလည်း ဆန္ဒဖော်ထုတ်ခဲ့ကြပါသေးတယ်။

အဲ့ဒီ့မတိုင်ခင် ညနေ ၆ နာရီလောက်ကလည်း ဖယောင်းတိုင်မီးတွေတပြိုင်တည်းထွန်းညှိပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ဒါကတော့ အာဏာသိမ်းအပြီး နှစ်ရက်မြောက်နေ့မှာ အကြမ်းမဖက်တဲ့နည်းအမျိုးမျိုးနဲ့ ပြည်သူတွေဟာ သူတို့ဆန္ဒတွေကို ထုတ်ဖော်ပြသခဲ့တာပဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly